recursive function ဘယ်လိုရေးပြီး ဘယ်လို အလုပ်လုပ်သလဲ။

ကျွန်တော်က php developer တစ်ယောက် ဖြစ်တဲ့အတွက် php code နဲ့ပဲ ရှင်းပြပါ့မယ်။
recursive function တွေဟာ တကယ် အသုံးဝင်ပါတယ်။သုံးနေတဲ့နေရာတွေလည်း အများကြီး ရှိပါတယ်။ တကယ်တော့ recursive function ဆိုတာ function တစ်ခုကနေ သူ့ကိုသူ ပြန်ခေါ်လိုက်တဲ့အခါမှာ အဆုံးမရှိတဲ့ loop ဖြစ်ပေါ်လာတယ်။
အဲဒီ loop မှာ အဆုံးသတ်ရှိစေချင်ရင် နောက်ထပ် funciton call မခေါ်ခင်မှာ condition (if) ကို ထည့်သွင်းပေးရပါမည်။
recursive function တွေကို အသုံးပြုတဲ့နေရာတွေကတော့ nth nested Array, reading folder and sub folder and files.
အဒီအခြေအနေတွေမှာ array တွေက နှစ်ဆင့် သုံးဆင့် အပြင် ဘယ်နှဆင့် ဆိုတာ မသိနိုင်တဲ့အခါမျိုးမှာ လဲသုံးပါတယ်။
folder ထဲမှာ folder ဘယ်နှခုရှိမယ် မသိနိုင်ဘူး။ အဲဒီ folder ထဲမှာလည်း  folder ဘယ်နှခုရှိမယ်မသိနိုင်ဘူး။ အဲဒီလို loop တစ်ုခုရဲ့ အတွင်းက variable တွေရဲ့ အခြေအနေပေါ်မူတည်၍ နောက်ထပ် loop တစ်ခုကို ဖန်တီးရမှာဖြစ်ပါတယ်။
သာမန် for loop, while loop တွေက မဖြေရှင်းပေးနိုင်ပါဘူး။
function factorial($i) {

   if($i <= 1) {
      return 1;
   }
   return $i * factorial($i - 1);
}
factorial(3);
အထက်က function ဟာ recursive function ဖြစ်ပါတယ်။
အဲဒါဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုအောက်မှာ ပုံနဲ့ရှင်းပြထားပါတယ်။
ပုံမှာ စာများကို မြှားအတိုင်းလိုက်ဖတ်သွားပါ။ နားလည်သွားပါလိမ့်မယ်။


အခြားကောင်းသောအချက်မှာ function တွေရဲ့ local scope ပဲဖြစ်ပါတယ်။ ဒါကြောင့် loop တစ်ခုနဲ့တစ်ခုအတွင်က နာမည်တူ varaible တွေဟာ မထပ်ပဲ သူ့ အပိုင်းနဲ့သူအလုပ်လုပ်ပါတယ်။ အထက်ပါပုံမှာ
$i ဟာ loop အားလုံးမှာ ပါနေပေမယ့် loop  တစ်ခုနဲတစ်ခု သီးခြား $i ကိုပိုင်ဆိုင်ထားကြပါတယ်။
ထိုကြောင့် အလုပ်လုပ်ရပိုအဆင်ပြေပါတယ်။
အဲဒါကြောင့်ပဲ မကောင်းတဲ့အချက်ပြန်ဖြစ်လာပြန်ပါတယ်။ အဲဒီလို loop function တစ်ခုခြင်းဆီက မတူညီတဲ့ variable တွေကို တည်ဆောက်လာတဲ့အတွက် loop အရေအတွက် များလာလေ memory ပေးမှာ နေရာယူမှု ပိုများလာလေးဖြစ်ပါတယ်။ ထို့အချက်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုပဲဖြစ်ပါတယ်။
Previous
Next Post »

Thorium School

Thorium School
Be professional with us