Set Directory Index Using .htaccess


server တွေမှာ default အနေနဲ့ directory တစ်ခုကို ခေါ်မယ်ဆိုရင် အဲဒီ directory အထဲမှာ ရှိတဲ့ default index file ကို ရှာဖွေပြီး အလုပ်လုပ်ကာ ဖော်ပြပေးကြပါတယ်။
apache server တွေမှာတော့ default index file အနေနဲ့ index.html သို့မဟုတ် index.php ကို ရှာဖွေ ပြီး အလုပ်လုပ်စေပါတယ်။

ဥပမာ။ ။  www.demo.com/example/ လို့ ခေါ်လိုက်မယ်ဆိုရင် example  directory ထဲမှာရှိတဲ့ index.html သို့မဟုတ် index.php file က အလိုလို ရှာဖွေ run ပေးတာမျိုးပါ။
အကယ်၍ သင်ဟာ server ရဲ့ default index ကို အကြောင်း အမျိုး မျိုး ကြောင့် ပြောင်းလဲလို သောအခါတွင် .htaccess file ကို ရှာဖွေ၍ ပြု ပြင်ပေးနိုင်ပါသည်။
ထို file သည် သင် ၇ည်ရွယ်သော directory အထဲတွင်ရှိနေရမည်။ မရှိပါက တည်ဆောက်ပေးရမည်။ ထို file ထဲတွင် အောက်ပါအတိုင်း ရေးထည့်သင့်သည်။

DirectoryIndex replace.html 

ဒါဆိုရင်တော့ အဲဒီ directory ကို ခေါ်လိုက်တာနဲ့ replace.html က အလိုလို run ပေးမှာဖြစ်ပါတယ်။ အကယ်၍ သင့်မှာ အခြား ရည်ရွယ်ချက်များ ရှိနေပြီး multiple index file ထားလိုပါက အောက်ပါအတိုင်းရေးနိုင်ပါတယ်။

DirectoryIndex replace.html index.html index.php
 ------------------------>
 ဒါဆိုရင်တော့ အဲဒီ directory ကိုခေါ်လိုက်တဲ့ အခါ ရှေ့ ဆုံးမှ နောက်ဆုံးသို့ အစဉ်လိုက် file တွေကို ရှာဖွေပြီး run ပေးနိုင်မှာဖြစ်ပါတယ်။
First

Thorium School

Thorium School
Be professional with us