CPU comparison (Intel Core i3 vs. i5 vs. i7)


ဒီတစ်ခါတော့ CPU အကြောင်းလေးရေးပါမယ်။
CPU ရဲ့အရှည်ကတော့ central processing unit ဖြစ်ပါတယ်။CPU ဟာ ကွန်ပျူတာ တစ်ခုရဲ့ တွက်ချက်ဆုံးဖြတ်မှုတိုင်းမှာ အဓိကအရေးပါဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သူမပါပဲ ကွန်ပျူတာ ဟာ အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။
ကွန်ပျူတာတစ်လုံး ရွေးချယ်တဲ့အခါ အဓိကအကျဆုံး ဖြစ်တဲ့ CPU ပါဝင်မှုကို မူတည်ပြီးရွေးချယ်ကြပါတယ်။ i3 လား i5 လား  i7 လား စသဖြင့် မေးမြန်းဝယ်ယူကြပါတယ်။ အဲဒါက ဘာလိုမေးတာလဲဆိုရင် အဲဒီကွန်ပျူတာမှာ ဘယ်အမျိုးအစား CPU ကိုတပ်ဆင်ထားလဲဆိုတာကို မေးမြန်းခြင်းဖြစ်ပါတယ်။
CPU တစ်ခုကို သူ့ရဲ့ clock speed တစ်ခုတည်းနဲ့ တိုင်းတာလို့မရပါဘူး။ ဥပမာ။   ။ i3 ဆိုရင် 2.933 GHz to 3.2 GHz ဖြစ်ပြီး 2.4 GHz to 3.33 GHz ဖြစ်ပါတယ်။ i7 ကတော့ 4 GHz လောက်ရှိကြပါတယ်။
CPU ထုတ်လုပ်သူတွေက i3/i5/i7 တို့ကို speed အမျိုးမျိုးထုတ်ကြပါတယ်။
အထက်က speed တွေကိုကြည့်ခြင်းအားဖြင့် i3 နဲ့ i5 တို့ဟာ သိပ်မကွာခြားသလိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့် CPU တွေကို clock speed တစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။
i5 ဟာ i3 ထက်ပိုကောင်းပါတယ်။ဘယ်နေရာတွေမှာ ပိုကောင်းတာလည်း။ i5 မှာ Turbo Boost ပါဝင်လာပါတယ် ဒါကြောင့် လိုအပ်လာတဲ့အခါ clock speed ကို ထပ်မံမြှင့်တင်ပေးနိုင်ပါတယ်။Cache size ဟာလည်း ပိုများလာတာကိုတွေ့ရပါတယ်။ ဒါတွေထည့်သွင်းစဉ်းစားလိုက်ရင် i5 ရဲ့ performance က i3 ထက်ပိုမြန်လာပါတယ်။
ဒီအပြင် i5 မှာ core 4 ခုပါဝင်ပါတယ်။ဒါကြောင့် multi thread application တွေအတွက် ပိုမိုလျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်။
i7 ကတော့ i3 နဲ့ i5 ထက် ပိုမိုသာလွန်တာကိုတော့ သိသိသာသာတွေ့မြင်ရပါတယ်။i7 မှာလည်း Turbo boost system ပါဝင်ပါတယ်။

Core i3-4160
Core i3-4350
Core i5-4690
Core i7-4790
Price
Cores
2
2
4
4
Threads
4
4
4
8
Frequency
3.6 GHz
3.6 GHz
3.5 GHz
3.6 GHz
Turbo
-
-
3.9 GHz
4 GHz
L3 cache
3 MB
4 MB
6 MB
8 MB
GPU model
HD Graphics 4400
HD Graphics 4600
HD Graphics 4600
HD Graphics 4600
GPU frequency
350–1150 MHz
350–1150 MHz
350–1200 MHz
350–1200 MHz
TDP
54 W
54 W
84 W
84 W
reference from http://www.techspot.com/review/972-intel-core-i3-vs-i5-vs-i7/

What is Clock speed (frequency)?
digital processing နည်းပညာမှာဆိုရင် clock cycle တစ်ခုဟာ လုပ်ဆောင်မှုတစ်ခုကို ကိုယ်စားပြုပါတယ်။တစ်ချို့ process တွေဟာ လုပ်ဆောင်မှုပေါင်းများစွာ ဖြင့် ပြီးမြောက်စေရပါတယ်။ဒါကြောင့် process တစ်ခု မြန်မြန်ပြီးစီးဖို့အတွက် clock cycle တွေ မြန်မြန် အလုပ်လုပ်သွားဖို့လို့ပါတယ်။ဒါကြောင့် clock speed ကလည်း အရေးပါတဲ့အထဲပါဝင်နေတာဖြစ်ပါတယ်။

What is Core?
Dual core, Quad Core အစရှိသဖြင့် တွေ့ဖူးကြမယ်ထင်ပါတယ်။ dual core ဆိုတာက CPU တစ်ခုထဲမှာ processing unit နှစ်ခုပါဝင်နေတာဖြစ်ပါတယ်။သီးခြား တွက်ချက်အလုပ်လုပ်နိုင်ပါတယ်။Quad core ကတော့ processing unit 4 ခု ပါဝင်တာကိုဆိုလိုပါတယ်။Core အရေအတွက် များခြင်းဟာ speed မြန်ခြင်းကို တိုက်ရိုက် မရည်ညွှန်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်သုံးတဲ့ application software ဟာ အဲဒီ core အားလုံးကို မသုံးပဲ core တစ်ခုထဲကိုသာ သုံးနေတာဆိုရင်တော့ dual core နဲ့ quad core ဟာ အမြန်နှုန်း တူနေကြပါလိမ့်မယ်။
ဒါပေမယ့် core ပိုများတဲ့အခါ အားသာတဲ့အချက်တွေတော့ရှိပါတယ်။ ဥပမာ။  ။ internet browsing လုပ်တယ်ဆိုပါဆို့ chrome browser ဟာဆိုရင် tab တစ်ခုကို process တစ်ခုခွဲထုတ်ပေးတဲ့အတွက် core တွေကိုမျှဝေသုံးစွဲပါတယ်။ဒီလိုအခြေအနေမှာဆိုရင် core ပိုများတာဟာ သိသာလာမှာဖြစ်ပါတယ်။
မိမိ စက်ရဲ့ CPU မှာ core ဘယ်နှခုပါလဲအလွယ်သိချင်ရင် Ctrl + Alt +Del နှိပ်ပြီး Window Task Manager ကိုဖွင့်လိုက်ပါ။ အဲဒီနောက် performance Tab ကိုဖွင့်လိုက်မယ်ဆိုရင် CPU usage history ကိုတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ သင့် CPU ဟာ dual core ဆိုရင် နှစ်ခြမ်း ပြသထားမှာဖြစ်ပါတယ်။
Quad core ဆိုရင် လေးခြမ်း မြင်ရမှာဖြစ်ပါတယ်။
တစ်ခြမ်းခြင်းစီ ဟာ core တစ်ခုခြင်းရဲ့ အလုပ်လုပ်နေတာကိုဖော်ပြပေးနေတာဖြစ်ပါတယ်။

Previous
Next Post »

Thorium School

Thorium School
Be professional with us