Web application တွေအတွက် attacker တွေအသုံးများတဲ့ နည်းတစ်ခုဖြစ်တဲ့ CSRF (cross-site request forgery) အကြောင်းကို ရေးပါမယ်။
one-click attack သို့မဟုတ် session riding လို့လည်း သိကြပါတယ်။sea-surf လို့တစ်ခါတစ်လေ အသံထွက်တယ်လို့လည်း မှတ်သားရပါတယ်။
CSRF attack အကြောင်းအရင်ရှင်းပြပါမယ်။
သင်ဟာ web application တစ်ခုကိုသုံးနေတယ်ဆိုပါဆို့။ အဲဒီ application ကိုသုံးဖို့အတွက် ပထမဆုံး login ၀င်ဖို့လိုပါမယ်။ အဲဒီနောက် သင့် password ပြောင်းတာ၊ file အသစ်တွေတင်တာ ၊ download လုပ်ခွင့်ရှိမယ်လို့ယူဆကြပါစို့။ ဒါဆို ဒီ application ဟာ file upload download ကို user တစ်ဦးချင်းစီအတွက် အလုပ်လုပ်ပေးနေပါတယ်။
user မဟုတ်တဲ့ သူကိုတော့ ပေးမ၀င်ပါဘူး။attacker ဟာ သင်မဟုတ်ပေမယ့် သင်ကဲ့သို့ ဟန်ဆောင်ကာ password ကိုပြောင်းတာလုပ်နိုင်ပါတယ်။ file တင်တာတွေလည်းလုပ် နိုင်ပါတယ်။
CSRF attack လုပ်ဖို့အတွက် ပထမဆုံးအနေနဲ့တော့ တကယ့် user တစ်ယောက် ရဲ့ request တွေကိုတော့ အတိအကျသိထားရပါတယ်။ password ပြောင်းမယ်ဆိုရင် ဘယ်လို URL ဘယ်လို form data ဘယ်လို method တွေသုံးတယ်ကို ကြိုသိဖို့တော့လိုအပ်ပါမယ်။ဒါကလည်း attacker ကိုယ်တိုင် account တစ်ခုလုပ်ခွင့် ရှိသွားရင် အားလုံး သိနိုင်သွားပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ user အားလုံးရဲ့ password ပြောင်းမယ့် url နဲ့ form data ပြီးတော့ method တွေက အတူတူဖြစ်နေလို့ပါပဲ။ တစ်ယောက်တစ်မျိုးရေးပေးဖို့လည်း မဖြစ်ပြန်ပါဘူး။
example: http://mywebapp.com/user/changepwd ?password=newpass&confirmpwd=newpass
ဘယ်လို လုပ်သွားလဲကိုဆက်ရှင်းပါမယ်။ CSRF attack လုပ်ခံရမယ့် သူဟာ အဲဒီ application ကို သူ့ရဲ့ ကိုယ်ပိုင် username ,password နဲ့ login ၀င်ထားပြီးသားဖြစ်ရပါမယ်။ application တစ်ခုကို သင်login ၀င် ခဲ့င်္ပြီဆိုပါဆို့ password ပြောင်းတာနဲ့ အခြားအရာတွေကို လွပ်လွပ်လပ်လပ် လုပ်လို့ရသွားပြီဖြစ်ပါတယ်။ဒါကြောင့် တစ်ခုခုလုပ်မယ်ဆိုရင် username password ပြန်ရေးပေးနေရ တာမျိုး မရှိတော့ပါဘူး။ဒါကြောင့် တစ်ခါ login ၀င်ပြီးသွားတာနဲ့ အဲဒီ သူကို ယုံကြည်ရသော account ပိုင်ရှင်အစစ်လို့ယူဆသွားပါတယ်။အဲဒီမှာ attack လုပ်ခံရတော့တာပါပဲ။
ဒါကြောင့် attacker ဟာ သင်ရဲ့ login ၀င်ထားပြီးသား အခြေအနေကို အသုံးချပြီး သူပြုလုပ်လိုတဲ့ request တွေကို သင့်အနေနဲ့ ပြုလုပ်မိအောင်ဖန်တီးတော့မှာဖြစ်ပါတယ်။
အပေါ်မှာပါတဲ့ example link ကိုကြည့်ပါ။password ပြောင်းဖို့အတွက် အဲဒီ link ကို run လိုက်ရင် ရပြီဆိုတာသိသာပါတယ်။ဒါပေမယ့် login ၀င်ထားမှ ရနိုင်မှာဖြစ်ပါတယ်။ဒါဆို login ၀င်ထားပြီးသားသူကို မိမိလိုချင်တဲ့ password ပြောင်းစေမယ့် link request ကို run စေအောင် ဘယ်လိုလုပ်မလဲ။
အများအားဖြင့် email နဲ့ chat box သို့မဟုတ် fake web page ဖန်တီးပြီး လုပ်လေ့ရှိပါတယ်။သင်စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ဖော်ပြထားတဲ့ အခါမှာ သင်ဟာစိတ်ဝင်စားစွာ ၀င်ကြည့်မှာသေချာပါတယ်။
ဥပမာ ဖုန်းဘေလ် တစ်နှစ်စာ အလကား ရမယ့်ကံစမ်းခွင့် လို page မျိုး ။ဘယ်လိုလဲ စိတ်ဝင်စားမယ်မဟုတ်လား။ဒါဆို သင်ဝင်ကြည့်မှာသေချာတယ်။အဲဒီအခါ သူထောင်ချောက်ထဲရောက်သွားပါပြီ။ဒါပေမယ့် ဒီအန္တရာယ်ကနေကာကွယ်ဖို့က အသုံးပြုတဲ့ user မဟုတ်ပါဘူး။ attacker ကနေ တိုက်ခိုက်လိုတဲ့ web application ဘက်က မိမိ user တွေအတွက် ကာကွယ်ပေးရမှာပါ။
attacker တွေက web page သို့မဟုတ် email တွေမှာ attack လုပ်မယ့် link ကို image အနေနဲ့ ထည့်တတ်ကြပါတယ်။ image tab ရဲ့ src attribute မှာ attack link ကို ထည့်လိုက်ခြင်းအားဖြင့် အဲဒီ web page သို့မဟုတ် email ကို ဖွင့်လိုက်တဲ့အခါ image ရဲ့ source data ကို ရယူဖို့ request လွှတ်ပေးလိုက်တဲ့အခါ attacking ဖြစ်သွားပါတယ်။ဒါပေမယ့် browser ကလည်း ရိုးရိုး request တစ်ခုလို့ပဲ မြင်မှာပါ။
example:
<img src="http://mywebapp.com/user/changepwd ?password=newpass&confirmpwd=newpass" alt="logo"/>
တစ်ချို့ request တွေက POST method နဲ့ သုံးထားတဲ့အခါမှာတော့ အထက်ကနည်းဟာ အဆင်မပြေတော့ပါဘူး။အထက်ကနည်းဟာ get method သုံးထားတဲ့ form request တွေကို attack လုပ်ရာမှာတော့အဆင်ပြေနိုင်ပါတယ်။
နောက်တစ်မျိုးအနေနဲ့ post method ကို လွှတ်နိုင်ဖို့ fake web page ကိုတည်ဆောက်ကြပြန်ပါတယ်။အဲဒီ web page ထဲမှာ Iframe တစ်ခုပါနေပါမယ်။ အဲဒီ Iframe ကနေ form page တစ်ခုကို load ခေါ်ပေးပါမယ်။ အဲဒီ form ကို javascript နဲ့ auto submit ဖြစ်စေအောင် ရေးထားပါတယ်။ဒါဆိုရင် user ဟာ အဲဒီ web page ကို ၀င်ကြည့်မိတာနဲ့ iframe ထဲက form ဟာ submit ဖြစ်သွားမှာဖြစ်ပါတယ်။ submit လုပ်တဲ့အတွက် redirect လုပ်သွားတာကို မသိစေရန်အတွက် iframe ကို hidden လုပ်ထားပါသေးတယ်။
အဲဒီ form ရဲ့ request ကြောင့် သင့် password ဟာပြောင်းသွားပြီဖြစ်ပါတယ်။
ဒီလောက်ဆိုရင် CSRF attack ဘယ်လို လုပ်သလဲဆိုတာသိလောက်မယ်ထင်ပါတယ်။တကယ်တော့ user ကိုယ်တိုင်က ကိုယ့်ပြဿနာ ကိုယ်ရှာမိစေတာမျိုး ဖြစ်အောင် လုပ်ထားတာပါ။
Protection for CSRF
attack လုပ်နိုင်တာကိုသိ ပြီဆိုရင် protect လည်းလုပ်နိုင်အောင် ကြိုးစားကြရပါမယ်။ server ဟာ user login ၀င်ပြီးသွားတာနဲ့ အဲဒီ computer ရဲ့ သုံးလိုက်တဲ့ browser ကို ယုံကြည်စွာလက်ခံထားပါတယ်။အဲဒီအားနည်းချက်ကြောင့် အခြား attack link တွေကို အဲဒီ browser ကနေ လွှတ်ပေးခြင်းအားဖြင့် ဘယ်သူဘယ်ဝါ မခွဲခြားပဲလက်ခံလိုက်ခြင်းဖြစ်ပါတယ်။ကာကွယ်ရန် အသုံးများတဲ့နည်းကတော့ CSRF token ပဲဖြစ်ပါတယ်။user တစ်ယောက်အတွက် session တစ်ခုကို စတင်ပေးလိုက်တာနဲ့ ခန့်မှန်းရက်အလွန်ခက်ခဲတဲ့ long cryptographic values တစ်ခုကို random ဖန်တီပြီး အဲဒီ user ရဲ့ session အနေနဲ့ သိမ်းထားပေးပါတယ်။အဲဒီနောက် user ရဲ့ form တိုင်းမှာ အဲဒီ token ကို hidden အနေနဲ့ ပါဝင်နေစေပါတယ်။ အဲဒီ form submit လုပ်လိုက်တဲ့အခါ CSRF token ဟာ server သို့ပြန်လည်ရောက်ရှိလာပါတယ်။ အဲဒီနောက် လက်ရှိ login ၀င်ထားတဲ့ user ရဲ့ CSRF token နဲ့ တိုက်စစ်ပြီး မှန်ကန်မှသာ request ကိုဆက်လုပ်မှာဖြစ်ပါတယ်။
attacker အနေနဲ့ fake web page တစ်ခုမှာ form ဖန်တီးနိုင်ပေမယ့် အဲဒီ user ရဲ့ CSRF token ကိုတော့ သိနိုင်မှာမဟုတ်ပါဘူး။ဘာလို့လည်းဆိုတော့ token တွေဟာလည်း user တစ်ဦးနဲ့တစ်ဦးမတူတဲ့အတွက် မသိနိုင်တော့ပါဘူး။ပြီးတော့ session တစ်ခုတိုင်းမှာလည်း အသစ်ပြန်ပြောင်းသွားတဲ့အတွက် ခန့်မှန်ရန်ခက်ခဲသွားမှာဖြစ်ပါတယ်။
နောက်တစ်မျိုးအနေနဲ့ form request တစ်ခုတိုင်းမှာ csrf token ကို ပြောင်းလဲပစ်လိုက်တာမျိုးဖြစ်ပါတယ်။
ဒါကြောင့် attacker အတွက် ခန့်မှန်းဖို့ ပိုမိုခက်ခဲသွားပါတယ်။ဒါပေမယ့် အသုံးပြုတဲ့ application user အတွက်လည်း အခက်အခဲတွေရှိလာ ပါသေးတယ်။ form submit ကို reload လုပ်ခွင့် မရှိတာမျိုး နဲ့ ajax request တွေအတွက် ခက်ခဲတာမျိုးတွေ၇ှိလာပြန်ပါတယ်။
<form action="https://example.com/tweet" method="POST"> <input type="hidden" name="csrf-token" value="nc98P987bcpncYhoadjoiydc9ajDlcn"> <input type="text" name="tweet"> <input type="submit"> </form>Password ပြောင်းနိုင်တဲ့ form တစ်ခု ဖန်တီးရာမှာလည်း old password ကို ပြန်တောင်းခြင်းဖြင့် CSRF ကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်။
ဒါလောက်ဆို ယေဘူယျလောက်တော့ သိနိုင်မယ်ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။

EmoticonEmoticon