Link တွေကို ခွဲခြားရာမှာ Absolute Path နဲ့ Relative Path ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။Absolute Path ဆိုတာကတော့ http://www.example.com/ စသဖြင့် base url ပါဝင်တဲ့ link မျိုးကိုခေါ်ပါတယ်။
ဥပမာ။ ။
1. http://www.example.com/blog/post1.php
2. http://www.sample.org/download/book/example.pdf
3. http://www.programmer.org/note/
protocol , domain အပြည့်အစုံ ပါဝင်နေခဲ့ရင် အဲဒါ ကို absolute path လို့ခေါ်ပါတယ်။
နောက် relative path ကို ကြည့်ရအောင်။သူ့မှာတော့ protocol ,domain အပြည့်အစုံမပါဝင်ပဲရေးထားလို့ပါတယ်။
ဥပမာ။ ။
1. /blog/post1.php
2. /book/example.pdf
3. /note
အထက်ပါ link အမျိုးအစားတွေကို relative path လို့ခေါ်ပါတယ်။relative path ကဘယ်လိုအလုပ်လုပ်သလဲဆိုရင် အဲဒီ link ကိုပါဝင်နေတဲ့ page ၇ဲ့ base url ပေါ်မူတည်ပြီး အလုပ်လုပ်ပါတယ်။
အထက်က relative link တွေဟာ "http://www.blog.com/mysite/index.html" page မှာပါဝင်နေကြတယ်ဆိုပါဆို့။
ဒါဆိုရင် အဲဒီ page ရဲ့ base url က "http://www.blog.com/mysite/" ဖြစ်ပါတယ်။ဒါကြောင့် အထက်ကrelative path တွေဟာ ဘယ်လိုအလုပ်လုပ်မလဲကြည့်ရအောင်
1. blog/post1.php ---> http://www.blog.com/mysite/blog/post1.php
2. book/example.pdf ---> http://www.blog.com/mysite/book/example.pdf
3. note ---> http://www.blog.com/mysite/note
ဒါဆိုရင် base url ကို အခြေခံပြီးဘယ်လို link လုပ်သွားတယ်ဆိုတာကို သိလောက်ပြီထင်ပါတယ်။
နောက်ထပ်ပြောချင်တာက
အထက်က url ကို ပြန်ကြည့်ပါ။ http://www.blog.com/mysite/index.html ဖြစ်ပါတယ်။ဆိုလိုတာက blog.com ၇ဲ့ mysite folder ထဲက index.html file ကိုရည်ညွန်းပါတယ်။အဲဒီpage ကနေ blog.com ရဲ့ mysite folder အပြင်ဘက်က sitemap.html ကို link လုပ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
ဒါပေမယ့် ရနိုင်ပါတယ်။ "../sitemap.html"လို့ရေးလိုက်ရင်ရပါပြီ။ဒါဆိုရင် base url က http://www.blog.com/mysite/ ဖြစ်တဲ့အတွက် ../ ကြောင့် mysite folder ၇ဲ့အပြင်ကိုထွက်လိုက်ပါတယ်။အဲဒီနောက်မှ sitemap.html ကိုရှာဖွေ တွေ့ရှိသွားပါတယ်။
နောက်တစ်ခုက protocol-relative URL ပဲဖြစ်ပါတယ်။သူကတော့ protocol အပိုင်းမပါဝင်ပဲရေးထားတာမျိုးကိုဆိုလိုပါတယ်။ဥပမာ။ ။"//code.jquery.com/jquery-2.2.3.min.js"
အဲလို လင့်မျိုးကို http ဖြစ်ဖြစ် https ဖြစ်ဖြစ် ၀င်လို့ရတဲ့ web page တွေအတွက် သုံးလို့ရပါတယ်။
နောက် root-relative url ကိုကြည့်ကြရအောင်။"/sitemap.html" ဖြစ်ပါတယ်။အဲဒီ link မှာ "/" နဲ့ စထားတာကိုတွေ့ရပါလိမ့်မယ်။အဓိပ္ပါယ် က root folder ထဲက sitemap.html ကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။
root folder ဆိုတာကတော့ အဲဒီ website ၇ဲ့ ပထမဆုံး location ပဲဖြစ်ပါတယ်။ အထက်ကပုံအရဆိုရင်
root folder ထဲမှာ mysite folder ,readme.txt file နဲ့ sitemap.html ကို တွေ့ရမှာဖြစ်ပါတယ်။



EmoticonEmoticon