What is GIT?


GIT ဆိုတာ version control system တစ်ခု သာဖြစ်ပါတယ်။GIT ဟာ အခုမှပေါ်ပေါက်ခဲ့တာ မဟုတ်ပဘူး။ ၂၀၀၅ ခုနှစ်တည်းက linux kernel ကို ဖန်တီးရေးသားခဲ့သူ Linus Torvalds ကတီထွင်ဖန်တီးပေးခဲ့တာပါ။open source project တစ်ခုလည်းဖြစ်ပါတယ်။အခြား version control system တွေနဲ့ နှိုင်းစာရင် performance ပိုကောင်းတာကိုတွေ့ရပါတယ်။
GIT သုံးခြင်းဖြင့် application တစ်ခုကို team တစ်ခုအနေနဲ့ ရေးရပိုလွယ်သွားပါတယ်။ application တစ်ခု ကို developer တွေဝိုင်းရေးတဲ့အခါ ဘုံသုံးတဲ့ ဖိုင်တွေအတွက် developer အားလုံးက ၀င်ပြင်လိုကြပါတယ်။ အဲဒီအခါ ပြဿနာတက်ပါပြီ။ ပထမတစ်ယောက်ပြင်နေတုန်း နောက်တစ်ယောက် ပြင်လို့မရပါဘူး။
 ဥပမာ။ developer1 က config.php ကို ပြင်နေတယ်ဆိုပါဆို့။ အဲနောက် developer2 ကလည်း ဖွင့်ပြီးထပ်ပြင်နေပြန်တယ်။ developer 1 က ပြင်ပြီတာနဲ့ ဖိုင်ကို save ပြီး ပိတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ config.php မှာ developer1 ရဲ့ ပြင်ဆင်ချက်များသာရှိနေပါတယ်။ အဲဒီပြင်ဆင်မှုတွေဟာ developer2 ဆီကို ရောက်မသွားပါဘူး ။developer1 save မလုပ်ခင်တည်းက developer2 ကအဲဒီဖိုင်ကိုဖွင့်လိုက်တာကြောင့် သူ့ဆီမှာoriginal အတိုင်းပဲရှိနေပါလိမ့်မယ်။ developer2 ကပြီးတဲ့အခါ save လုပ်ပါတယ် အဲဒီအခါ devloper2ရဲ့ ပြင်ဆင်မှုများသာ အဖတ်တင်ပြီး developer1 ရဲ့ ပြင်ဆင်ချက်များကတော့ ပျောက်သွားမှာပါ။
အဲလိုသာဖြစ်နေမယ်ဆို team တစ်ခုကနေ application တစ်ခုတည်းကို ၀င်ရေးဖို့ခက်နေပါပြီ။ ဒါဆိုရင်တစ်ယောက်ပြီးမှတစ်ယောက်ပြင်မယ်ဆိုရင်ဖြစ်နိုင်ပါသလား။
ဥပမာ develoepr နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ရေးနေမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ developer နှစ်ယောက်ထက်များလာမယ် ဒါမှမဟုတ် developer တွေဟာ တစ်နေရာဆီမှာရှိနေကြမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ မည်သူက ၀င်ရေးနေကြောင်း မည်သူ့ကို အသိပေးဖို့ဆိုတာ အရမ်းခက်ပါတယ်။
ဒါကြောင့် version control system တွေသုံးလာကြပါတယ်။ ဘာကြောင့် version control system လို့ခေါ်လဲဆိုတော့ developer တစ်ယောက်က သူ့အပိုင်းပြီးတယ်ဆိုရင် server ကို လှမ်းပို့လွှတ်လို့ရတယ် အဲဒီအခါမှာ သူ့ရဲ့ ပြင်ဆင်ရေးသားချက်တွေကို version တစ်ခုအနေနဲ့ သိမ်းပေးထားတယ်။ အဲဒီတော့ developer တွေရဲ့ ပြင်ဆင်ချက်တွေကို အကန့်အသတ်မရှိ သိမ်းဆည်းပေးထားတယ်။ အကယ်၍ developer တစ်ယောက်ရဲ့ ပြင်ဆင်ချက်တွေဟာ quality မမှီဘူး မကြိုက်ဘူးဆိုရင် roll back ပြန်လုပ်ပြီး အရင် version ကို ပြန်ရယူနိုင်တယ်။
version control system မှာ centralized နဲ့ distributed ဆိုပြီး နှစ်မျိုးခွဲခြားပါ သေးတယ်။ GIT ကတော့ distributed system ဖြစ်ပြီး centralized ထက်ပိုပြီး လူကြိုက်များလာပါတယ်။ ကွာခြားချက်တွေကိုတော့ အောက်က video မှာ ကြည့်ပါ။
Previous
Next Post »

Thorium School

Thorium School
Be professional with us