Angularjs ကို ၂၀၀၉ ခုန်နှစ် က Misko Hevery and Adam Abrons တို့က Brat Tech LLC မှာ စတင်ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာ google က တရားဝင် ထောက်ပံ့ပေးခဲ့ပါတယ်။ တကယ်တော့ Misko Hevery ဟာ google ရဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ Angularjs ရဲ့ version 1 ကို ထုတ်ဝေခဲ့ပါတယ်။
Angularjs ဟာ open source javascript framework တစ်ခုဖြစ်ပြီး single page application များအတွက် အထူးသင့်လျော်ပါတယ်။
Aungularjs အသုံးပြုပုံဟာ jquery ထက်စာရင် ပိုမိုလွယ်ကူရှင်းလင်းပါတယ်။
coding ရေးနေရတယ်ဆိုတာထက် Html ရေးရတာနဲ့ ပိုမိုဆင်တူပါတယ်။ Angular ဟာ HTML tag attribute အသစ်များ (directive လို့ angular မှာခေါ်ပါတယ်) များကို သုံးပြီး အလုပ်လုပ်သွားပါတယ်။
angularjs ဟာ two ways binding အသုံးပြုထားပြီး DOM element တွေနဲ့ javascript variable တွေကြားမှာ bind လုပ်ထားပေးပါတယ်။
angularjs ဟာ သာမန်အားဖြင့် ခက်တယ်လို့ထင်ရပေမယ့် တကယ်လေ့လာမယ်ဆိုရင် ရေးရသက်သာပြီး လွယ်ကူတာကိုတွေ့ရပါမယ်။
<body>
<div ng-app="">
<p>Name : <input type="text" ng-model="name"></p>
<h1>Hello {{name}}</h1>
</div>
</body>
အပေါ်က ရေးထားတာကို ကြည့်မယ်ဆိုရင် ng-model directive အနေနဲ့ name ဆိုတဲ့ နာမည်နဲ့ input form element ကို bind ပေးမှာဖြစ်ပါတယ်။
ဒါကြောင့် application scope ထဲမှာ name ဆိုတဲ့ variable တစ်ခု ဖြစ်လာမှာဖြစ်ပြီး အဲဒီ input form element မှာ စာရေးလိုက်တိုင်း အဲဒီ စာဟာ name variable ထဲကို ရောက်သွားမှာပါ။
ဒါကြောင့် အောက်တစ်ကြောင်းမှာ {{name}} ကို ပြန် output ထုတ်ထားတာတွေ့ရပါမယ်။ အဲဒီအကြောင်းက name variable ၇ဲ့ တန်ဖိုးကို ထုတ်ပြပေးဖို့ဖြစ်ပါတယ်။
ဒါကြောင့်နောက်ဆုံး result အနေနဲ့ user ဟာ အဲဒီ input element မှာ ရိုက်သမျှ အောက်က H1 tag ထဲမှာလာပေါ်ပါလိမ့်မယ်။
example demo: http://www.w3schools.com/angular/tryit.asp?filename=try_ng_default
အခြေခံပိုင်းမှာ angularjs ဟာ လွယ်ကူပေမယ့် advance ပိုင်းရောက်လာတဲ့အခါ အခက်အခဲ နည်းနည်းတော့တွေ့ရနိုင်ပါတယ်။ angularjs ကပေးတဲ့ directive တွေအပြင် ကိုယ်ပိုင် directive တွေတည်ဆောက်လိုတဲ့အခါမျိုးတွေ မှာ လေ့လာမှုပိုမိုလိုအပ်ပါလိမ့်မယ်။ javascript ကို ပိုမိုနားလည်ရန်လည်းလိုပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အခုအချိန်မှာ angular ကို base level အထိလောက်ပဲရေးနိုင်သေးတာပါ။
ဒါကြောင့်စတင်လေ့လာမယ့် ညီအကိုတွေအတွက် ဗဟုသုတလေးပါ။
ပိုသိလာတဲ့အခါ ပိုမို မျှဝေပါ့မယ်။

EmoticonEmoticon