MySQL သုံးတဲ့ သူများအတွက် ဒီနေ့မှ သိလိုက်တဲ့ function လေးတစ်ခု ကို မျှဝေချင်ပါတယ်။
ဆိုကြပါစို့။ pagination တွေသုံးမယ်ဆိုရင် အရင်က query နှစ်ခု သုံးခဲ့ကြတယ်။
တစ်ခုက pagination ရဲ့ current page မှာ ပြရမယ့် data တွေကို ဆွဲယူဖို့။
နောက်တစ်ခုက pagination ၇ဲ့ page number လေးတွေဖော်ပြဖို့ total row ကို သိရန် ဆွဲယူကြပါတယ်။
ဒါဆိုရင် data အတွက် တစ်ခါ ဆွဲတဲ့အချိန်ရယ်။ total row ကို ရှာတဲ့အချိန်ရယ် နှစ်ခါ ပေးရသလို data base server အတွက်လည်း loading နှစ်ခါ တက်စေပါတယ်။
အခု ဒီfunction လေးကို သုံးလိုက်ပါ။ ဒါဆို total row ကို ရှာတဲ့ အချိန် နဲ့ loading ကို သက်သာသွားပါလိမ့်မယ်။
more effective way လို့ပြောရမှာပေါ့။
================================================
8/8/2016(updating)
ဒီပို့ကိုရေးတုန်းက ပိုမြန်မယ်အထင်နဲ့ ရေးခဲ့တာပါ။ နောက်မှ ဖတ်ကြည့်တော့ တချို့က count(*) နဲ့ သုံးတာကို ပိုမြန်တယ်လို့ ရေးထားတာတွေလဲ ဖတ်ရပါတယ်။
php framework အများစုရဲ့ paginate class တွေကလည်း SELECT count(*) FROM table
ပုံစုံမျိုးပဲသုံးကြတာတွေရပါတယ်။
နှစ်ခုရဲ့ comparison ကိုတော့ လိုက်ဖတ်ပေးမယ့် အသေးစိတ်အခုထိ မသိသေးလို့ မရေးနိုင်သေးပါဘူး။
တစ်ချို့ blog တွေမှာရေးထားတာကတော့ သူတို့ application မှာ အခု post မှာပြထားတဲ့ အတိုင်း FOUND_ROWS() ပုံစံ သုံးထားတယ်။ဒါပေမယ့် အရမ်းနှေးလို့ count(*) ပြောင်းသုံးတာ သိသိသာသာ ပို မြန်လာတယ်လို့ရေးထားတာပါတယ်။
ပုံမှန်မှာတော့ count(*) ကပိုကြာရမှာပါ။ ဒါပေမယ့် database ၇ဲ့ caching feature ကြောင့် ပိုမြန်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် count(*) ကို ပဲဆက်သုံးပြီး FOUND_ROW() ပုံစံအသုံးပြုမှုကိုတော့ ဗဟုသုတအဖြစ်ပဲမှတ်ထားလိုက်ပါ။
================================================
ဥပမာ။ ။
Data တွေဆွဲယူဖို့
SELECT SQL_CALC_FOUND_ROWS * FROM table_name WHERE ........ LIMIT 5,10;
ပြီးရင် total row အတွက်ကလွယ်လွယ်ပဲ
SELECT FOUND_ROW( );
ဒါဆိုရင် အခု query က total row ကိုထုတ်ပေးမှာဖြစ်ပါတယ်။
အတိအကျအားဖြင့် ဒုတိယ query ရဲ့ FOUND_ROW() function က ပထမ query ကို limit ဖြုတ်လို့ ရလာတဲ့ total row ကို ထုတ်ပေးခြင်းဖြစ်ပါတယ်။
အသုံးဝင်မယ်လို့ထင်ပါတယ်။

EmoticonEmoticon