Wordpress Theme တည်ဆောက်ရန် သိသင့်သည့်အချက်များ


wordpress မှာ theme က အဓိက အရေးကြီးတဲ့ အပိုင်း ဖြစ်ပါတယ်။ အချို့သော developer များသည် wordpress ရေးနိုင်ပါသည်ဟု ပြောကြသော်လည်း theme ကို မရေးနိုင်ကြပါ။ ရှိပြီးသော theme ကို သာ ပြင်ဆင် သုံးနိုင်ကြသည်။
ဒါပေမယ့် ဒီ post မှာ theme ရေးဖို့ အခြေခံက စပြောပြပေးပါမယ်။
wordpress theme တစ်ခု တည်ဆောက်ရာမှာ အရေးတကြီး မပါမဖြစ် file တွေရှိပါတယ်။
Theme file တည်ဆောက်ပုံကို ပဲပြောပြမှာဖြစ်တဲ့ အတွက် theme ဆိုတာဘာလဲဆိုတာတော့ သိနှင့်ပြီး သားဖြစ်ရပါမယ်။



မပါမဖြစ်ဖိုင်တွေကတော့
index.php
style.css
ဟာ အဓိက အရေးကြီးတဲ့ file နှစ်ခုဖြစ်ပါတယ်။
index.php ကတော့ website ရဲ့ ပေါ်မယ့် data နဲ့ design ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။
style.css ကတော့ ဒီဇိုင်းအတွက် နဲ့ theme ရဲ့ information တွေကို ထည့်သွင်းထားမှာဖြစ်ပါတယ်။
အဲဒီ file နှစ်ခု မပါလျင် အဲဒီ theme ကို  wordpress က သိမှာမဟုတ်ပါဘူး။

နောက်တော့ file တွေ လိုသလို ထည့်ပေးရမှာဖြစ်ပါတယ်။
header.php ကတော့ လိုပါတယ်။ index.php က နေ header.php ကို include လုပ်မယ်ဆို၇င် get_header()
function  ကို သုံးနိုင်ပါတယ်။

footer.php ကလည်း လိုအပ်ပါတယ်။ index.php ကနေ footer.php ကို include လုပ်မယ်ဆိုရင် get_footer()
ကိုသုံးရပါမယ်။

sidebar.php ကတော့ လိုအပ်ရင် သုံးရပါမယ်။ sidebar.php ကို include ကိုသုံးမယ်ဆိုရင်တော့  get_sidebar() ကို သုံးရပါမယ်။

post တွေရဲ့ detail page အတွက် ရေးမယ်ဆိုရင် single.php ကို အသုံးပြုရပါမယ်။

page တွေရဲ့ detail page အတွက် ဆို၇င် page.php ကို သုံးရပါတယ်။

archive ဆိုတာကတော့ post တွေကို အမျိုး အစား အလိုက် category အလိုက် ခွဲခြားပြီး list လုပ်ပြတဲ့ page ဖြစ်ပါတယ်။ pagination လဲ ပါတတ်ပါတယ်။ အဲလို post list တွေကို ပြဖို့ အတွက် archive.php ကို သုံးပါတယ်။

index.php ကတော့ home page အတွက် သုံးတာဖြစ်ပါတယ်။ home.php ကိုလည်း သုံးနိုင်ပါတယ်။

search ရှာတဲ့အခါ မှာ search result ကို ပြတဲ့ post list page ကိုတော့ search.php နဲ့ သုံးပါတယ်။

ဒါဆိုရင် အခြေခံ ပါရမယ့် fileတွေနဲ့ ဘာကြောင့် သုံးရမယ်ဆိုတာကို သိသွားပြီလို့ထင်ပါတယ်။
နောက်ထပ် အသေးစိတ် ဒီဇိုင်းလုပ်လို့ရပါသေးတယ်။




Previous
Next Post »

Thorium School

Thorium School
Be professional with us