Fix header error , Cannot modify header information - headers already sent


php ရေးသူတွေ အများစုတွေ့ ရလေ့ရှိတဲ့ error လေးပါ။

Warning: Cannot modify header information - headers already sent by ................


ဒီလိုဖြစ်ရင်လည်း ဘယ်လို လုပ်ရမလဲဆိုတာကို အများစုမသိကြပါ။ ဘာကြောင့်ဆိုတာကိုလည်း မသိကြပါဘူး။

ဒီ error လေးက header function က ထုတ်ပေးတဲ့ error ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ header function ကို သုံးထားပြီဆိုတာ သေချာပါတယ်။
*****************************
update:13/10/2016
*****************************
session_start(),setcookie() တွေဟာလည်း header information ကို အသုံးပြုတဲ့အတွက် အဲဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက php.ini မှာ output_buffering ကို on ထားရင်လည်း ဒီလို error တွေကို အလိုလို ကျော်လွှားပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ server တွေမှာတော့ php.ini ကို access လုပ်ခွင့်မရတဲ့အတွက်
ပြင်လို့ခက်ပါလိမ့်မယ်။အကောင်းဆုံးက error ဘာကြောင့်တက်လဲဆိုတာ ရဲ့ အရင်းအမြစ်ကို သိဖို့လိုပါတယ်။

*****************************
update:13/10/2016 - session end
*****************************
ဒါဆို header function ကို မသုံး ရ ဘူးလို့ မဆိုလိုပါဘူး။ အဲဒီ header function က ဘယ်လို အခြေအနေ မျိုး မှာ ဒီလို error ထုတ်ပေးလဲဆိုတာ နားလည်ဖို့လိုပါတယ်။

အခုသုံးနေတဲ့ web page တွေဟာ http protocol တွေအရ ဆက်သွယ် ပို့လွှတ်နေကြပါတယ်။ အဲဒီ http protocol (ပို့လွှတ် စည်းမျဉ်း) နဲ့ ပို့၇ာမှာ HTTP   header တွေဟာ server တွေနဲ့ ကိုယ့် ရဲ့စက်(client) ကြားက request (တောင်းဆိုမှု ) response (တုံ့ပြန်ပေးပို့မှု) တွေ ရဲ့ အချက်အလက်တွေ သို့မဟုတ် ပူးတွဲပါလာမည့် data content တွေရဲ့ အမျိုးအစား နဲ့ အချက်အလက်တွေ ပါရှိနေပါတယ်။
ဒါကြောင့် အဲဒီ header section ဟာ တကယ်ပေးပို့ရမယ့်  data တွေရဲ့ ရှေ့ကနေ အမြဲ ပေးပို့ရမှာဖြစ်ပါတယ်။ သူ့မတိုင်ခင် data တစ်ခု ပေးပို့မိတယ်ဆိုရင် အထက်ပါ error ပေါ်လာမှာဖြစ်ပါတယ်။

သူ့မတိုင်ခင် ပေးပို့တဲ့ data ဆိုတာ coding တွေ စာသားတွေအပါအ၀င် space သာမက hidden character တွေပါ အကျုံးဝင်ပါတယ်။

ဒါကြောင့် အဲလို error တက်ခဲ့ရင် ကိုယ့် ရဲ့ header function မတိုင်ခင် echo တစ်ခုခု ရှိနေသလားဆိုတာ သတိထားသင့်ပါတယ်။

အဲဒီ echo မရှိဘူးဆိုရင်တောင်မှ php အဖွင့်   <?php ရှေ့ မှာ space သို့မဟုတ် hidden character တွေရှိသလားဆိုတာတွေ သတိထားရပါမယ်။

အချို့ application တွေမှာ include တွေ require တွေသုံးပြီး file တွေကို ခေါ်ထားတတ်တာကြောင့် header function မတိုင်ခင် include လုပ်ထားတဲ့ file တွေထဲမှာပါ စစ်ပေးရမှာ ဖြစ်ပါတယ်။

ဒီ error ကို ရှင်းနိုင်အောင် နောက်ထပ် function တစ်ခု ထပ်သုံးပေးဖို့မလိုအပ်ပါဘူး။
အချို့ က header function ကို သုံး ပြီး redirect လုပ်ရင်းအဲလို error တက်လာတဲ့အခါ meta ဘက်က တဆင့် redirect လုပ်တတ်ကြပါတယ်။
meta ဟာ browser ဘက်ကိုရောက်မှ redirect လုပ်ခြင်းမျိုး ဖြစ်ပြီး ပိုမို နှေးကွေးပါတယ်။
ထို့အပြင် အချို့ browser တွေမှာ အဲဒီ meta ပါတဲ့ page ကို history ထဲထည့်မှတ်လိုက်တာကြောင့် back button ကို နှိပ်တဲ့အခါ ခုနက meta ပါတဲ့ page ကို ပြန်ရောက်ပါတယ်။ အဲဒီ page က redirect page ကို ပြန်ခေါ်ပြန်ပါတယ်။ ဒါဟာ အရမ်းဆိုးရွားစေပါတယ်။
Previous
Next Post »

Thorium School

Thorium School
Be professional with us