What is ES6? (ECMAScript 2015 (6th Edition))

web developer တွေအနေနဲ့ javascript ကို သိမှာသေချာပါတယ်။ဒါပေမယ့် ယခုခေတ်စားလာတဲ့ ES6 ကို ဘာလဲဆိုတာတော့ သေသေချာချာ သိချင်မှ သိပါလိမ့်မယ်။ES 6 အကြောင်း မပြောခင် javascript ဆိုတာကို အရင်ရှင်းပြချင်ပါတယ်။
Javascript ကို စတင်တီထွင်ခဲ့တာကတော့ Brendan Eich ပဲဖြစ်ပါတယ်။ ပထမဆုံး browser ဖြစ်တဲ့ Netscape မှာ အလုပ်လုပ်နေတုန်း တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ ပထမဦးဆုံး mocha လို့ နာမည်ပေးခဲ့ကြတယ်။အဲဒီနောက် LiveScript နာမည်ကို ပြောင်းခဲ့ကြတယ်။နောက်ဆုံးမှာတော့ Javascript ဆိုတဲ့ နာမည်တွင်လာခဲ့ပါတယ်။
နိုဝင်ဘာ ၁၉၉၆ မှာ Netscape မှ သတ်မှတ်ချက်စံ တစ်ခု ထွက်ပေါ်လာစေ၇န် Ecma international အဖွဲ့အစည်းသို့ ပေးပို့ခဲ့သည်။အဲဒီနောက် ECMAScript first edition ပေါ်ပေါက်လာခဲ့တယ်။ဒီလိုနဲ့ ၂၀၀၉ ဒီဇင်ဘာမှာ 5th edition (ES5) ကိုထုတ်ပေးခဲ့တယ်။ယခု browser တွေမှာ သုံးနေတဲ့ standard ပဲဖြစ်ပါတယ်။အဲဒီနောက်မှာ ဂျွန် ၂၀၁၅ မှာ ECMAScript 6th edition (ES6) ထွက်လာခဲ့ပါတယ်။ ES6 ကို ယခု browser တွေက ရာနှုန်းပြည့်တော့ support မလုပ်ပေးပါဘူး။
Browser တွေနဲ့ ပတ်သက်ပြီးထပ်လေ့လာကြည့်ရအောင်

Browser Javascript Engine ES6 support
Internet Explorer 11 Chakra 11%
Microsoft Edge Chakra 93%
Firefox 50.0 spiderMonkey 92%
Opera 41.0 V8 97%
Chrome 55.0 V8 97%
Safari 10.0 javaScriptCore 100%
Android 5.1 browser v8 25%
ios 10 browser javaScriptCore 100%

Transpiler

Transpiler ဆိုတာကတော့ source code တစ်ခုကနေ အခြား source code တစ်ခုကိုပြောင်းပေးနိုင်တဲ့ compiler တနည်းအားဖြင့် transcompiler ပဲဖြစ်ပါတယ်။ ES6 ဟာ ပြီးဆုံးအောင်မြင်စွာ ထွက်ပေါ်လာသည့်တိုင် လက်ရှိ browser အားလုံးက support မလုပ်သေးပါဘူး။ဒါကြောင့် ES5 ကို ပဲ support လုပ်တဲ့ browser မှာ ES6 code တွေအလုပ်လုပ်စေချင်ရင် transpiler ကိုသုံးနိုင်ပါတယ်။ Transpiler တွေဟာ ES6 source code တွေကို ES5 compatible code တွေအဖြစ် ထုတ်ပေးနိုင်ပါတယ်။ အဲဒီနောက်မှာမှ browser က ES 5 code တွေကို interpret လုပ်သွားပါတယ်။
အဓိက အသုံးများနေတဲ့ transpiler နှစ်မျိုးကတော့
1. Traceur, Google ရဲ့ project ဖြစ်ပါတယ်
2. Babeljs, လူငယ် developer  Sabestain McKenzie (၁၇ နှစ်) ရဲ့ ဖန်တီးမှုပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ES6 ကို အသစ်ထွက် browser တွေအားလုံး support ပေးလာမယ်လို့ မျှော်လင့်ပါတယ်။


ဖတ်ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ပြန်လည်မျှဝေပေးရန်လည်း တောင်းဆိုပါတယ်။
ယခု post ရေးသားရာမှာ reference အဖြစ် https://kangax.github.io/compat-table/es6/ နဲ့  Become a ninja  with angular 2 စာအုပ်ကိုအသုံးပြုခဲ့ပါတယ်။ ထိုစာအုပ်ကို လက်ဆောင်ပေးသော ကိုချိုမောင်အားလည်း ကျေးဇူးတင် မှတ်တမ်းပြုအပ်ပါတယ်။
Previous
Next Post »

Thorium School

Thorium School
Be professional with us