What is Codeigniter Framework?

Codeigniter ဆိုတာက php framework ဆိုတော့ အရင်ဆုံး framework ဆိုတာပါလဲ သိအောင် အရင်လုပ်ရပါမယ်။

Php framework ဆိုတာlibrary (စာကြည့်တိုက်) ကြီး တစ်ခုပဲဖြစ်ပါတယ်။ တနည်းပြောရရင် လိုအပ်သမျှကို စုဆောင်းပေးထားတဲ့ နေရာကြီးပေါ့။ php language အနေဲ့ function တွေအစုံပေးထားပေမယ့် real life development လုပ်တဲ့အခါ မှာ repeating task (အမြဲလိုလို လုပ်ရတဲ့ အပိုင်း) တွေ အတွက် အဆင်သင့်သုံးနိုင်မယ့် အခြေအနေ မျိုးတော့ မပေးထားပါဘူး။ ဒါကြောင့် ဒီလိုနေရာတွေအတွက် framework တွေပေါ်လာပါတယ်။ framework တွေက အများကြီးရှိကြပါတယ်။ 
ဥပမာ။   ။ pagination အပိုင်း၊database အပိုင်း၊ file uploading အပိုင်း၊ security အပိုင်း၊ language အပိုင်း စတာတွေဟာ အမြဲလိုလို သုံးရ ရေးရတဲ့ အပိုင်းတွေဖြစ်ပါတယ်။


Codeigniter ဟာ မြန်မြန်ဆန်ဆန် လေ့လာနိုင်ပြီး အသုံးပြုရ လွယ်ကူတဲ့ framework တစ်ခုဖြစ်ပါတယ်။
ပထမဆုံး version ကို February 28, 2006 မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ CI ဟာ MVC development pattern အပေါ်မှာ အခြေခံထားတဲ့အတွက် development နဲ့ maintenance မှာ အဆင်ပြေလွယ်ကူပါတယ်။
On October 6, 2014 မှာ creator ဖြစ်သူ EllisLab မှ British Columbia Institute of Technology သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယခင် home page : https://ellislab.com/codeigniter/
ယခု home page: http://www.codeigniter.com/

Framework တွေထဲမှာတော့ အလွယ်တကူလေ့လာနိုင်ပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ တကယ်အသုံးဝင်တဲ့ framework တစ်ခုဖြစ်ပါတယ်။
Previous
Next Post »

Thorium School

Thorium School
Be professional with us