PHP : global scope and local scope


PHP variable တွေကို scope ခွဲထားနိုင်ပါတယ်။ scope မတူညီတဲ့ နာမည်တူ variable နှစ်ခုဟာ သီးခြား တည်ရှိတာဖြစ်ပါတယ်။ scope တစ်ခုထဲမှာဆိုရင်တော့ နာမည်တူ variable နှစ်လုံးတည်ဆောက် လို့မရနိုင်ပါဘူး။
example:
$var = '12';
echo $var;
အထက်ကဖော်ပြထားတဲ့အတိုင်းဆိုရင် $var ဟာ global scope ထဲမှာ ရှိနေတာပါ။ အဲဒါကို global variable လို့လည်း ခေါ်ဆိုနိုင်ပါတယ်။နောက်တစ်မျိုးကြည့်ရအောင်
example
$var = '12';
function testFunction()
{
      $var = '13';

}
testFunction();
echo $var;
အထက်က ပြထားတဲ့ code မှာ function တစ်ခု ပါဝင်ပြီး အဲဒီ function ထဲမှာ အသုံးပြုတဲ့ variable တွေဟာ အဲဒီ function ၇ဲ့ local scope variable တွေဖြစ်ပါတယ်။အပြင်ဘက်က $var ကတော့ global scope ထဲမှာ တည်ရှိတာဖြစ်ပါတတယ်။ ဒါကြောင့် function ထဲက $var='13' ဟာ function အပြင်ဘက်က $var ကို သက်ရောက်မှုမရှိပါဘူး။ ဒါကြောင့် အဲဒီ function ကို run အောင်လို့ testFunction() ဆိုပြီး function call ခေါ်ပြီးမှ echo $var ကို ထုတ်ပြထားပါတယ်။ echo ၇ဲ့ output အနေနဲ့ 12 ပဲထွက်မှာဖြစ်ပါတယ်။ 13 မထွက်ပါဘူး။
ဆိုလိုတာက global scope နဲ့ local scope ဟာ variable နာမည်တူနေရင်တောင် သီးခြားတည်ရှိတဲ့အတွက် အထဲက တန်ဖိုးလည်း တူမနေနိုင်ပါဘူး။
အကယ်၍ testFunction ကို နှစ်ခါ run ခိုင်းမယ်ဆိုရင်လည်း local scope နှစ်ခုဖြစ်လာပါတယ်။ 
example

function testFunction()
{
if(!isset($var))$var = 0; // to set initial value if $var is not exist.
$var++;
echo $var;
}
testFunction();
testFunction();
testFunction() ပထမတစ်ခါ မှာ 0 ကို တစ်တိုးပြီး 1 ဖြစ်လာမယ်။ နောက်တစ်ခါ ထပ် testFunction() run ၇င် အဲဒီ 1 ကို တစ်တိုးပြီး 2 ဖြစ်လာမယ်လို့ ထင်စရာရှိပါတယ်။ဒါပေမယ့် ဖြစ်ပေါ်လာတယ့် function တွေရဲ့ variable scope တွေ မတူညီတဲ့အတွက် ဒုတိယ အကြိမ် $var ကို တစ်တိုးတာဟာ ပထမ run ထားတဲ့ function ၇ဲ့ $var ကို ၁ တိုးတာမဟုတ်ပါဘူး။ စမ်းကြည့်ပါ။

ဒါဆို ရင် global scope , local scope တွေအကြောင့် သိလောက်ပြီထင်ပါတယ်။ နောက် local scope ထဲမှာ global scope variable ကို ယူသုံးချင်တဲ့အခါမှာ ဘယ်လိုသုံးနိုင်သလဲဆိုတာဖော်ပြပါမယ်။
ဥပမာ function တစ်ခုထဲကနေ အပြင်မှာရှိတဲ့ variable ကို access ပြုလုပ်လိုတဲ့အခါမှာ သုံးလို့ရပါတယ်။

example
$var = "hello";
function testFunction()
{
    global $var;
    echo $var." world";
}
အထက်က code ကိုကြည့်ပါ။ function တစ်ခုရဲ့ local scope ကနေ အပြင်က global variable ကို အသုံးပြုလိုတဲ့အခါမှာ global keyword သုံးပြီး ဒါဟာ global variable ဖြစ်ပါတယ်ဆိုပြီး defined လုပ်ပေးရပါမယ်။ ဒါဆိုသုံးလို့ရပါတယ်။ အဲဒီနောက် အဲဒီ function ထဲက အဲဒီ variable ကို ပြောင်းလဲသမျှဟာ အပြင်က global scope ထဲက variable ကို သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

example
$var ="hello";
function testFunction()
{
global $var;
$var="world";
}
testFunction();
echo $var;
ဒါလောက်ဆို global scope နဲ့ local socpe ကို ကွဲပြားလိမ့်မယ်လို့ထင်ပါတယ်။ super global variable တွေအကြောင်း ကို နောက် post အနေနဲ့ ရေးပါဦးမယ်။


Previous
Next Post »

Thorium School

Thorium School
Be professional with us