Sublime text ဟာ အရမ်းအသုံးများတဲ့ code editor တစ်ခုဖြစ်ပါတယ်။ programming language တော်တော်များများကို support ပေးထားပါတယ်။
Sublime text 3 download link : https://www.sublimetext.com/3
အခုရေးမှာကတော့ sublime text မှာ ဒါတွေသိထားရင် ပိုမို မြန်မြန်ဆန်ဆန် အလုပ်ပြီးနိုင်မှာဖြစ်ပါတယ်။
1. text selection
(a) word တစ်ခုကို selection ပြုလုပ်ခြင်း
word တစ်ခုကို အလွယ်တကူ selection လုပ်ချင်ရင် အဲဒီ စာလုံးပေါ်ကနေ double click
နှိပ်ပေးလိုက်ခြင်းအားဖြင့် selection ကိုရရှိနိုင်ပါတယ်။
(b) text line တစ်ခုကို selection ပြုလုပ်ခြင်း
text line တစ်ခုကို selection ပြုလုပ်မယ်ဆိုရင် အဲဒီ text line ပေါ်မှာ triple click
နှိပ်ပေးခြင်းအားဖြင့် selection ကိုရရှိနိုင်ပါတယ်။ ပိုလွယ်တာက အဲဒီ line ၇ဲ့ ဘယ်ဘက်က
စာကြောင်းရေ နံပါတ်ပေါ်မှာ click တစ်ချက်နှိပ်လိုက်ရင်ရပါပြီ။ ကိုယ်လိုချင်တဲ့ line တွေကို
selection လုပ်မယ်ဆိုလည်း ဘယ်ဘက်ထောင့်ကနေ ဖိပြီးဆွဲလိုက်ရုံနဲ့ selection
ကိုရရှိနိုင်ပါတယ်။
(c) text အားလုံးကို selection ပြုလုပ်ခြင်း
Ctrl + a ကို နှိပ်လိုက်ပါ။ အားလုံး selection လုပ်ပြီးသားရပါလိမ့်မည်။
(d) css file တွေမှာ selector တစ်ခုအတွင်းရှိ property များကို select ပြုလုပ်ခြင်း
ပြုလုပ်လိုတဲ့ property တစ်ခုခုပေါ်မှာ cursor ချထားပြီး Ctrl + Shit + M ကို နှိပ်ပေးပါ။
ဒါဆို အဲဒီ selector ၇ဲ့ အတွန့်ကွင်းထဲမှာရှိတဲ့ text အားလုံးကို select လုပ်သွားပါလိမ့်မယ်။
shortcut key အလုပ်မလုပ်ရင် menu ထဲက selection ထဲက Expend selection to
brackets ကိုနှိပ်လိုက်ပါ။တကယ်က အတွန့်ကွင်း၊ လေးထောင့်ကွင်း၊ လက်သဲကွင်း တွေရဲ့
အတွင်းထဲက စာသားကို select လုပ်ပေးထားဖြစ်ပါတယ်။
(e) one line copy and paste
အခု cursor ချထားတဲ့ line ကို copy ပွားတဲ့နည်းကို ပြပါမယ်။ ကိုယ်ပွားချင်တဲ့ line မှာ cursor
ရှိနေရပါမယ်။ အဲဒီနောက် Ctrl + Shift + D ကို နှိပ်လိုက်ပါ။ ကပ်လျက် အသစ် line တစ်ခု
ပွားလာပါလိမ့်မယ်။ ဒီနည်းမှာက key သုံးခု ပြိုင် နှိပ်ရတော့ လက်က အသားမကျတာဖြစ်နိုင်ပါ
တယ်။နောက်တနည်းရှိပါသေးတယ်။ အဲဒါက Ctrl + C ပြီးရင် Ctrl + V နှစ်ခါ နှိပ်ရပေမယ့်
လက်ကအသားကျပြီးသားဆိုတော့ ပိုလွယ်မယ်လို့ထင်ပါတယ်။

2.text search and replace
(a) လက်ရှိရေးနေတဲ့ page မှာ phrase (သို့) word ကိုရှာချင်ရင် Ctrl + F ကို နှိပ်လိုက်ပါ။
(b) စာသားများရှာဖွေပြီး replace လုပ်ချင်ရင်တော့ Ctrl + H ကိုနှိပ်လိုက်ပါ။
(c) folder တစ်ခုလုံးမွှေနှောက်ရှာချင်ရင်တော့ Ctrl + Shift + F ကို နှိပ်လိုက်ပါ။ where
လို့ရေးထားတဲ့နေရာမှာ ကိုယ်ရှာချင်တဲ့ file ကိုရေးပေးလို့ရပါတယ်။ညာဘက်ထောင့်က button
ကို နှိပ်ပြီး add folder ကိုရွေးပြီး ရှာချင်တဲ့ folder ကိုရွေးပေးပါ။ဒါဆိုရှာလို့ရပါပြီ။
ပိုလွယ်တဲ့ နည်းကတော့ ဘယ်ဘက် left sidebar မှာ ကိုယ်အခုရေးနေတဲ့ project folder
ကိုဖွင့်ထားတယ်ဆိုရင် သုံးလို့ရပါတယ်။အဲဒီ sidebar က ကိုယ်ရှာချင်တဲ့ folder ကို right
click နှိပ်ပြီး Find in folder ကိုရွေးလိုက်ပါ။
(d) program ရေးရင်း error တက်လာလို့ line နံပါတ် ဘယ်လောက်မှာ error
ရှိတယ်လို့သိရတဲ့အခါ အဲဒီနေရာကို အမြန်သွားနိုင်ဖို့အတွက် Ctrl + G ကို နှိပ်လိုက်ပါ။
ကိုယ်သွားချင်တဲ့ line number ကိုရိုက်ထည့်ပါ။
3.left sidebar အသုံးပြုခြင်း
sidebar ကိုအသုံးပြုချင်ရင် menu bar က View > Side Bar > Show Side Bar ကို ရွေးလိုက်ပါ။ဒါဆို ဘယ်ဘက်မှာ sidebar တစ်ခုပေါ်လာပါလိမ့်မယ်။
(a) အသုံးပြုမည့် project folder ကို sidebar တွင်ဖော်ပြ အသုံးပြုခြင်း
sidebar တွင် မိမိ အသုံးပြုမည့် project folder ပေါ်နေသည့်အတွက် project ထဲက file တစ်ခု
ကို အလွယ်တကူ ဖွင့်လို့ရသွားပါလိမ့်မယ်။rename လုပ်ခြင်း delete လုပ်ခြင်း စသည်တို့လည်း
လုပ်လို့ရပါလိမ့်မယ်
sidebar ထဲကိုယ့် project folder ထည့်မလဲဆိုရင် နည်းလမ်း နှစ်ခုရှိပါတယ်။ တစ်ခုက
project folder ကို drag and drop လုပ်ပြီး sidebar ထဲထည့်ပေးပါ။ နောက်တစ်ခုကတော့
menu bar က နေ File > Open Folder ကိုရွေးချယ်ပြီး ပေါ်လာတဲ့ dialog box ထဲမှာ ကိုယ်ထည့်
ချင်တဲ့ folder ကိုရွေးပေးလိုက်ပါ။
4. css file တွေ edit လုပ်ရင်ပဲဖြစ်ဖြစ် code file တွေ edit လုပ်ရင်ပဲဖြစ်ဖြစ် အသုံးတည့်တဲ့နည်းလေးကိုဖော်ပြပေးပါမယ်။ css file တွေဆိုရင် selector တွေ အများကြီးရေးထားတဲ့အခါ ရှာရအလွန်ခက်သွားပါတယ်။ code file တွေမှာဆိုရင်လည်း function တွေ အများကြီး ပါဝင်နေတဲ့အခါ ကိုယ်ရှာချင်တဲ့ function ကိုရှာရခက်ပါတယ်။function နာမည်ကို အတိအကျသိရင် Find နဲ့ ရှာလို့ရပေမယ့် မသေချာတဲ့အခါ function list ထဲမှာရှာချင်တာမျိုး ရှိလာမှာပါ။
ဒါဆို Ctrl + R ကို နှိပ်လိုက်ပါ။ function list ကျလာပါလိမ့်မယ်။ ရွေးလိုက်တာနဲ့ အဲဒီ function ရှိတဲ့ line ကို ရောက်သွားမှာဖြစ်ပါတယ်။အလွန်အသုံးဝင်ပါတယ်။
5.Sorting Css property
css property တွေကို ရေးတဲ့အခါ a to z အစဉ်လိုက်ဖြစ်အောင် တော့ ဘယ် designer မှ မရေးကြပါဘူး။အကယ်၍ အဲလို စီချင်တဲ့ အခါမှာဆိုရင်တော့ အောက်ပါအတိုင်းသုံးနိုင်ပါတယ်။
အရင်ဆုံး မိမိ sort လုပ်ချင်တဲ့ property တွေထဲမှာ cursor ချလိုက်ပါ။ selection လုပ်ဖို့ Ctrl +Shift + M ကို နှိပ်လိုက်ပါ။ ဒါဆို bracket အတွင်းရှိ property အားလုံးကို select လုပ်ပြီးသွားပါပြီ။ အခု sort လုပ်ဖို့ F5 ကိုနှိပ်လိုက်ပါ။ ဒါဆို စီပြီးနေတာကိုတွေ့ရပါမယ်။ တချို့မှာတော့ F9 နှိပ်ရတာကိုတွေ့ရပါတယ်။
မသေချာရင် menu bar က Edit > Sort lines ကို ရွေးပေးပါ။
6.Code ရေးရာမှာ indent format ကို ဖတ်ရလွယ်အောင်ပြုလုပ်မယ်။
အလွယ်ပြောရရင် code ရေးတဲ့အခါမှာ code တွေကို လိုအပ်သလို ဘယ်ဘက်မှ ခွာ၍ ရေးသားကြရပါတယ်။ ဒါမှလည်း ဖတ်ရလွယ်ကူမှာဖြစ်ပါတယ်။
တခါတလေမှာ အရမ်းတော်တဲ့ လုပ်ဖော်ကိုင်ဖတ်သူငယ်ချင်းရဲ့ code ကို ယူပြင်ပေးရသည်ဆိုပါဆို ။ သိပ်တော်တော့ သူက အများဖတ်တတ်တဲ့ ပုံစံမျိုး ခွာပြီးမရေးဘဲ အကုန်ကပ်ရေးထားတာမျိုး။ ဒါမှမဟုတ် ခွာချင်သလို ခွာရေးထားတာမျိုး လုပ်ထားတာပေါ့။ ဒီလိုဆိုရင် သင့်ကို sublime text က ဘယ်လို ကူညီနိုင်မလဲ။
ဒါဆို ပြန်ပြီး format ချချင်တဲ့ code block ကို select လုပ်ပေးပါ။ ပြီးရင် menu bar က Edit > Line > Reindent ကို ရွေးချယ်ပေးပါ။ ဒါဆို အဆင်ပြေဆုံးပုံစံကို ပြင်ပေးသွားမှာပါ။ တစ်ခါတစ်လေ လူကိုယ်တိုင် နည်းနည်းပြင်ပေးရတာမျိုးလည်းရှိတတ်ပါတယ်။
နောက်ထပ်သိတဲ့အခါ ထပ်ရေးပါဦးမယ်။

EmoticonEmoticon