client pc တစ်လုံးက web server ကို request လုပ်တဲ့အခါ method အမျိုးမျိုးနဲ့ လုပ်လို့ရပါတယ်။ web form တွေမှာတော့ get နဲ့ post နှစ်မျိုးကို ခွင့်ပြုထားပါတယ်။
GET ကို server ဆီက data တွေ ရယူလိုတဲ့အခါမှာ သုံးလေ့ရှိပါတယ်။ POST ကိုတော့ server သို့ data များ ထည့်သွင်း (သို့) ပြင်ဆင် ခြင်းများ ပြုလုပ်လိုတဲ့အခါ သုံးလေ့ရှိပါတယ်။
GET ဟာ content တွေ ရယူခြင်းအတွက် သုံးရတဲ့အကြောင်းအရင်းကတော့ GET method ဟာ တူညီတဲ့ url တစ်ခုအတွက် တူညီတဲ့ content ကို သာထုတ်ပေးပါတယ်။
ဥပမာ။ ။www.adomain.com/showblog.php?cat=25&show_comment=true
အထက်ပါ link တွင် ? နောက်မှာ querystring ကိုတွေ့ရမှာဖြစ်ပါတယ်။ ထို querystring မှာ server သို့ ပေးပို့ချင်တဲ့ data တွေပါဝင်ပါတယ်။
GET method ဖြင့် data ကို form သုံးပြီးပေးပို့နိုင်ပါတယ်။
<form action="showblog.php" method="get">
<input type="text" name="cat" value="25" />
<input type="text" name="show_comment" value="true" />
</form>
ဒါ့အပြင် GET method ဖြင့် data ကို a tag သုံးပြီလည်းပို့နိုင်ပါတယ်။
<a href="www.adomain.com/showblog.php?cat=25&show_comment=true">Click</a>
GET method ရဲ့ အားသာချက်တွေကတော့ GET method သုံးပြီး request လုပ်ထားတဲ့ webpage တစ်ခုကို bookmark လုပ်ထားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို url အတွက် တူညီတဲ့ content ကို အ မြဲထုတ်ပေးနိုင်လို့ဖြစ်ပါတယ်။
အဲဒီအချက်ကပဲ အားနဲချက်ပြန်ဖြစ်နေပြန်တယ်။ အဲလို bookmark လုပ်လို့ရသလို history ထဲမှာလည်း မှတ်သားထားတာမျိုး ပြုလုပ်နိုင်တယ်။အကယ်၍ username နဲ့ password တွေကို GET method နဲ့ ပို့လွှတ်စေမယ်ဆိုရင် အခြားသူတစ်ယောက်ဟာ သင့်ရဲ့ username နဲ့ password ကို history မှာပြန်ကြည့်ရင် မြင်နေရမှာဖြစ်ပါတယ်။
နောက်တစ်ခုက GET method နဲ့ပို့တဲ့ data တွေဟာ url ပေါ်မှာ အကုန်မြင်နေရတာဖြစ်တဲ့အတွက်ကြောင့် ပိုချင်တဲ့ data ရဲ့ length ရှည်သလောက် url ဟာလည်း ရှည်နေမှာဖြစ်ပါတယ်။အဲဒီတော့ browser တွေရဲ့ url length limit နဲ့ server တွေရဲ့ url length limit တွေကြောင့် GET method နဲ့ဆိုရင် အကန့်အသတ်တစ်ခုအထိသာ ပေးပို့ခွင့် ရမှာဖြစ်ပါတယ်။
ဒါကြောင့် file upload လုပ်တာ ၊ ဒါမှမဟုတ် server ကို ပို့ချင်တဲ့ data အရမ်းများတာတွေအတွက်က post method ကိုသာရွေးချယ်ရပါမယ်။
Form သို့မဟုတ် javascript သုံးပြီး post method နဲ့ request ပြုလုပ်နိုင်ပါတယ်။
<form action="showblog.php" method="post">

အကြမ်းအားဖြင့် GET method ကို server ဆီက read လုပ်တဲ့အခါ မှာ သုံးသင့်တယ်။ POST method ကိုတော့ server သို့ write လုပ်လိုတဲ့အခါသုံးသင့်တယ်။

EmoticonEmoticon