Basic security guidelines for the hosting server


၁။ သင်သုံးနေတဲ့ PC ကို safe ဖြစ်နေအောင် ထားရပါမယ်။ malware (malicious software) တွေရန်ကနေ ကာကွယ်ထားဖို့လိုပါမယ်။
တကယ်အသုံးဝင်မယ့် Anti virus software ကိုသွင်းထားသင့်ပါတယ်။ သင့်စက်ကနေတဆင့် သင့် hosting ကို ၀င်ရောက်သွားနိုင်ပါတယ်။နည်းမျိုးစုံနဲ့ ၀င်နိုင်ပါတယ်။

၂။ သင့် hosting account (သို့) cpanel ကို ပေးထားတဲ့ password ဟာ လွယ်ကူရိုးရှင်း မနေအောင် ဂရုစိုက်ရပါမယ်။ password တစ်ခုထဲကို အရာအားလုံးအတွက်ပေးထားခြင်းမျိုးမှရှောင်ကြဉ်ပါ။
ဥပမာ။  ။  database , FTP, web application password

၃။ folder နဲ့ file permission ကိုလည်း သင့်တော်သလိုပေးသင့်ပါတယ်။
    folder တွေဆိုရင် 755
    file တွေဆိုရင် 644
    readonly ပဲပေးချင်ရင် 444
    777 ကတော့ လုံးဝ မပေးသင့်ပါဘူး

၎။hosting admin panel (cpanel)ကိုသုံးတဲ့အခါမှာ secure connection မှဆင့် သာသုံးသင့်ပါတယ်။

၅။ php developer တွေအတွက်ကတော့ php setting ကို safe ဖြစ်အောင် ထပ်ဆင့်ပြင်ဆင်ထားသင့်ပါတယ်။
allow_url_fopen=off
မလိုအပ်တဲ့ အန္တရယ် ရှိတဲ့ function တွေကို မသုံးနိုင်အောင်ပိတ်ထားမယ်။
disable_functions = proc_open , popen, disk_free_space, set_time_limit, leak, tmpfile, exec, system, shell_exec, passthru
တစ်ခါတစ်လေ ကိုယ့် application က သုံးဖို့လိုနေရင်တော့ ပိတ်ထားလို့မရတော့ဘူး။

၆။ အရေးကြီးဆုံးကတော့ ကိုယ်ရေးတဲ့ code က secure ဖြစ်ဖို့ပိုအရေးကြီးတယ်။ တကယ်လို့ အဲလို မလုပ်နိုင်ရင်တော့ framework တွေကိုသုံးဖို့အကြံပြုချင်တယ်။

Previous
Next Post »

Thorium School

Thorium School
Be professional with us