URL : Uniform Resource Locator
URN : Uniform Resource Name
URI : Uniform Resource Identifier
URL ဆိုတာကတော့ web address အမျိုးအစားတွေဖြစ်ပါတယ်။ www.example.com/index.html ဆိုတာမျိုးကို URL လို့ဆိုနိုင်ပါတယ်။ တကယ်တော့ URL ဆိုတာ URI တွေထဲ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။
URN ဆိုတာကတော့ အတိတ်မှာအသုံးပြုခဲ့တဲ့ နည်းပဲဖြစ်ပါတယ်။သူက name ကိုသုံးပြီး resource ကို သတ်မှတ်တဲ့နည်းဖြစ်ပါတယ်။
ဥပမာ ။ ။ urn:isan:0000-0000-9E59-0000-O-0000-0000-2
URL နဲ့ URN နှစ်မျိုးစလုံးဟာ URI အမျိုးအစားတွေဖြစ်ပါတယ်။ ဒါကြောင့် URL အားလုံးဟာ URI ဖြစ်ပါတယ်။ URN အားလုံးဟာ URI ဖြစ်ပါတယ်။
URL ကတော့ web address တွေအတွက်အသုံးပြုတဲ့အတွက် အတွေ့များမှာဖြစ်ပါတယ်။URL အကြောင်းကိုရှင်းပြပေးပါမယ်။
http://www.shop.com/purchase/item.php:80?id=100 ပဲဆိုပါဆို့
- http: ကို scheme လို့ခေါ်ပါတယ်။ လူသိများတဲ့ scheme တွေကတော့ http,ftp,mailto,file,data စတာတွေပဲ ဖြစ်ပါတယ်
- www ဟာ sub-domain ဖြစ်ပါတယ်။ blog.shop.com၊ login.shop.com တွေမှာလည်း blog နဲ့ login ဟာ sub-domain တွေဖြစ်ပါတယ်။
- shop.com is the domain
- com ဆိုတာကတော့ the top level domain or TLD ဖြစ်ပါတယ်။ org,info,edu,biz ဟာလည်း အလားတူတွေပဲဖြစ်ပါတယ်။domain extension တွေအဖြစ်လည်း အသိများပါတယ်။
- purchase/item.php ကတော့ file path ဖြစ်ပါတယ်
- 80 ဆိုတာကတော့ port number ပဲဖြစ်ပါတယ်။server ကိုချိတ်ဆက်မယ့် port ဖြစ်ပါတယ်။default က 80 ဖြစ်တဲ့အတွက် web address တွေမှာမပါဝင်ဘဲထားလို့ရပါတယ်။
- id=100 ဟာ query string ဖြစ်ပြီး ထိုweb page အတွက်လိုအပ်မယ့် အချက်အလက်တွေကိုပေးပို့လို့ရပါတယ်။
URL နဲ့ URI ကွာခြားမှုကို ပြရမယ်ဆိုရင် drupal CMS မှာ URI ကို အောက်ပါအတိုင်းသုံးထားပါတယ်။
$uri = "public://logo.png";
အဲဒီ မှာ drupal က public:// ရဲ့ တကယ့် location ကို အစားထိုး အလုပ်လုပ်သွားပါတယ်။တကယ်ဆို ဒါလည်း resource တစ်ခုကို ရည်ညွှန်းပြတဲ့ ပုံစံတစ်ခုပဲဆိုတော့ URL လို့မခေါ်နိုင်ပေမယ့် URI လို့ခေါ်လို့ရပါတယ်။
ဒါကြောင့် URL တိုင်းကို URI လို့ခေါ်လို့ရပေမယ့် URI တိုင်းကို URL လို့ခေါ်လို့မရပါဘူး။

EmoticonEmoticon