ဒီအခါမှာ string function တွေကို သုံးကြတာရှိသလို php extension function တွေသုံးတာလည်း ရှိပါတယ်။
Option 1 (string function)
function get_file_extension($file_name) { return substr(strrchr($file_name,'.'),1); }
ဒီ function လေးကို သုံးလိုက်ရုံနဲ့ extension ကို return အနေနဲ့ လက်ခံရရှိမှာဖြစ်ပါတယ်။
ဥပမာ ။ ။ mysamplefile.exe
strrchr function က file name(string) ထဲမှ "."(dot) position ကို နောက်ဆုံးကနေ ရှာပေးပြီး
အဲဒီ dot ရှိတဲ့ နေရာကနေ နောက်ဆုံးထိ အပိုင်းကို ထုတ်ပေးပါတယ်။ ဒါဆို ".exe" ကိုရမှာပါ။
ဒါပေမယ့် extension ကို လိုချင်တာဆိုတော့ ".exe" ကိုလိုချင်တာမဟုတ်ပဲ "exe" ကိုသာလိုချင်တာဖြစ်ပါတယ်။
ဒါဆိုရင် dot ကိုဖြုတ်ထုတ်ပေးရပါမယ်။
substr မှာ ဒုတိယ parameter က စဖြတ်ထုတ်ရမယ့် position ဖြစ်ပါတယ်။ index 0 ကနေစ
အလုပ်လုပ်ပါတယ်။1 လို့ပေးထားရင် ဒုတိယစာလုံးကနေ အဆုံးထိဖြတ်ပေးမှာဖြစ်ပါတယ်။ ဒါဆိုရင် dot ကို
ဖြုတ်ထုတ်ပြီးသွားပါပြီ။
Option 2 (Array function)
function get_file_extension($file_name) {
return end(explode('.',$file_name));
}
ဒီ function က ပထမ အနေနဲ့ array အနေနဲ့ ပြောင်းလိုက်ပြီး နောက်ဆုံး array ကို ရယူလိုက်ခြင်းဖြစ်ပါတယ်။
ပထမ explode function က အရင်အလုပ်လုပ်ပါတယ်။အဲဒီ function က file name ထဲမှာပါတဲ့ dot တွေကို
ကြည့်ပြီး array အပိုင်းတွေခွဲပေးလိုက်ပါတယ်။
ဥပမာ။ ။ my.test.txt ဆို၇င် array အနေနဲ့ သုံးပိုင်း array("my","test","txt")ဆိုပြီး သုံးပိုင်း
ကွဲသွားမှာဖြစ်ပါတယ်။end function ကတော့်နောက်ဆုံး array အပိုင်းကို ထုတ်ပေးမှာဖြစ်ပါတယ်။
ဒါဆို txt ဆိုတဲ့ extension ကိုရပါပြီ။
Option 3 (pathinfo)
$file = '/tmp/test.php'; echo pathinfo($file, PATHINFO_EXTENSION);
ဒီfunction ကတော့ php function ဖြစ်ပါတယ်။ သူက string ထဲကနေ information တွေကို ထုတ်ပေး
တာပါ။ နောက်က PATHINFO_EXTENSION ကို second parameter အနေဲ့ ပေးထားလို့ extension ထွက်လာ
တာဖြစ်ပါတယ်။

EmoticonEmoticon