Wordpress system အခြေခံ


wordpress ဟာ post  ၇ယ် page ရယ် ဆိုတဲ့  data သိမ်ဆည်းပေးနိုင်တဲ့ အမျိုး အစားနှစ်ခု ပေါ်မှာ မူတည်တည်ဆောက်တယ်။

post တွေမှာတော့ post type,  taxonomy နဲ့ term ဆိုတာတွေရှိပါတယ်။
page မှာတော့ မရှိပါဘူး။

post type ဆိုတာက အဲဒီ post တွေကို အမျိုး အစားခွဲလိုက်တာဖြစ်ပါတယ်။admin panel ဘက်မှာလည်း post type တစ်ခု ချင်းအလိုက် menu link တွေရှိနေမှာဖြစ်ပါတယ်။
admin panel ထဲမှာ post လို့ခေါ်တဲ့ menu တစ်ခုကိုတွေ့မှာပါ။ အဲဒီ post ဆိုတာကိုက post type အမျိုး အစားတစ်ခုပါ။



taxonomy ဆိုတာက post type တစ်ခုချင်းဆီမှာ category ပြန်ခွဲပေးနိုင်ရန်ဖြစ်ပါတယ်။
ဥပမာ။   ။ post type က  food ဆိုရင် taxonomy က  food types ဖြစ်လာမှာပါ။

term ဆိုတာကတော့ အဲဒီ food type အောက် က ခေါင်းစဉ်ခွဲတွေဖြစ်လာပါတယ်။
Food type အောက်က  Sea food, vegetable, light food, Meat  ဆိုတာတွေက term တွေဖြစ်ပါတယ်။
အဲဒီ term တွေကိုယ်တိုင်က parent တွေ child တွေ လုပ်လို့ရပါသေးတယ်။
ဒီလိုဆိုရင်  Sea food အောက်မှာ fish, crab, octopus ဆိုပြီး အမျိုး အစားထပ်ခွဲလို့ရနိုင်ပါတယ်။

နောက်တစ်ခုက meta ပါ။
post တစ်ခု ချင်းစီမှာ meta တွေ ထပ်ထည့်လို့၇ပါတယ်။ အခု  Food ဆိုတဲ့ post type အောက်က မှာ
post  တစ်ခု တည်ဆောက်မယ်ဆိုပါစို့။ ဒါဆို seafood, fish crab စတဲ့ term တွေကိုရွေးလို့ရပါပြီ။
ကျွန်တော် ရေးလိုက်တဲ့ post မှာက title နဲ့ content အပြင် feature image ပဲ ထည့်လို့ရတာဆိုတော့
price တို့ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ ဖြည့်စွက်ရန် နေရာလိုချင်လာတဲ့အခါ meta  အမျိုး အစားကို သုံး၇ပါတယ်။ custom field လို့ခေါ်ကြပါတယ်။

wordpress theme ကို တည်ဆောက်ရန် သိသင့်သည့်အချက်များ
Previous
Next Post »

Thorium School

Thorium School
Be professional with us