What is Cron Job?


Cron job ဆိုတာက linux  server တွေမှာ အချိန် နဲ့လိုက်ပြီး script တစ်ခုကို သတ်မှတ်အချိန်တိုင်း run နေစေလိုတဲ့ အခါမှာ သုံးကြပါတယ်။
ဥပမာ။   ။  တစ်ပတ်တစ်ကြိမ် customer တွေဆီကို email တွေပို့ချင်တဲ့အခါ
                 တစ်လ တစ်ကြိမ် register လုပ်ပြီး approve မလုပ်ထားတာတွေကို ဖျက်ချင်တဲ့အခါ
                 သုံးလို့ရပါတယ်။

cron job ကို setup လုပ်ဖို့ crontab command  သုံးပြီး လုပ်လို့ရပါတယ်။
Hosting server တွေမှာတော့ မတူညီတဲ့ ပုံစံနဲ့ အသုံးပြု လို့၇ပါတယ်။command line နဲ့ သုံးမည့်သူအတွက်သာ crontab command က သုံးရမှာဖြစ်ပါတယ်။

crontab -e လို့ရိုက်လိုက်ရင် cron job တွေရေးဖို့ file တစ်ခုပွင့်လာမှာဖြစ်ပါတယ်။အဲဒီအခါ အောက်ပါ cron format အတိုင်း ရေးထည့်လိုက်ရင် ရပါပြီ။

Cron ၇ဲ့ format က
MIN HOUR DOM MON DOW CMD
 
Field Description Allowed Value
MIN Minute field 0 to 59
HOUR Hour field 0 to 23
DOM Day of Month 1-31
MON Month field 1-12
DOW Day Of Week 0-6
CMD Command Any command to be executed.
 
reference from http://www.thegeekstuff.com/2009/06/15-practical-crontab-examples/ 
 
 

30 08 10 06 * /home/ramesh/full-backup
6 လပိုင်း 10 ရက်နေ့ 8 နာရီ ၃၀ မိနစ်မှာ full-backup script file ကို run ဖို့ ရေးထားတာပါ။


00 09-18 * * 1-5 /home/ramesh/bin/check-db-status
တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့တိုင်း ၉ နာရီကနေ ၁၈ နာရီအထိ တစ်နာရီတစ်ခါ run ပေးမှာပါ။ 



 
Previous
Next Post »

Thorium School

Thorium School
Be professional with us