အင်တာနက် အသုံးပြုရင်း ဘယ် browser ကပိုကောင်းလဲ စဉ်းစား မိရင်းက ဒီ post လေး ရေးဖြစ်ပါတယ်။
ယခုခေတ်မှာ firefox နဲ့ chrome browser ဆိုရင် intenet သုံးတတ်သူတွေအဖို့တော့ သိပြီးသား ဖြစ်မှာပါ။ဒါပေမယ့် ဘယ်ဟာ ကို သုံးရင်ကောင်းမလဲ တောပ စဉ်းစားစရာပါ။
အမှန်ပြောရရင် ကျွန်တော့ computer မှာတော့ နှစ်ခုလုံး install လုပ်ထားတာပါ။ကျွန်တော့ အတွေ့အကြုံအရ တော့ Tab တွေဖွင့်တာများလာရင် firefox ဖြစ်ဖြစ် chrome ဖြစ်ဖြစ် အဆင်မပြေပါဘူး။ ကျွန်တော့်စက်ကလည်း i3 ပဲရှိတာကိုး။ memory ကလည်း 2G ပဲရှိတာကြောင့်Tab များများဖွင့်လိုက်ရင် firefox ဆိုရင် not responding ခဏခဏ ဖြစ်တယ်။ chrome ဆိုရင်တော့ not responding မဖြစ်ပေမယ့် auto reload ဖြစ်တာတို့ white page ဖြစ်နေတာတို့ ကြုံရတယ်။
speed အားဖြင့် ပြောရရင်တော့ firefox browser ဟာ chrome ထက် အနည်းငယ်ပိုမြန်ပါတယ်။chrome ဟာ Tab တစ်ခုစီအတွက် process တစ်ခုစီခွဲ ပြီး အလုပ်လုပ်ပါတယ်။ဒါကြောင့် လည်း chrome browser ဟာ memory ပိုယူတာဖြစ်ပါတယ်။ chrome ကလည်း security ရည်ရွယ်ချက်ကြောင့် အခုလိုခွဲလိုက်တာဖြစ်ပါတယ်။ အဲလိုခွဲလိုက်ခြင်းအားဖြင့် malicious software တွေအနေနဲ့ ၀င်ရောက်မွှေနှောက်ဖို့ခက်ခဲသွားပါတယ်။ဒါကြောင့် memory usage အပိုင်းမှာ firefox က chrome ထက် ၂၀ ကနေ ၆၀ % အထိ ပိုသက်သာတာကိုတွေ့ရပါတယ်။
လုပ်ငန်းသုံး သို့မဟုတ် တစ်ကိုယ်ရေသုံး အနေနဲ့ အင်တာနက်ကို အသုံးများလာတဲ့အခါမှာ browser ချည်းသက်သက်ဟာ အကူအညီနည်းလာပါတယ်။ဒါကြောင့် extension/ add on တွေကို အသုံးပြု ကြပါတယ်။
အဲဒီလို အသုံးပြုတဲ့အခါ chrome မှာ ပေးနိုင်တဲ့ အချို့ extension တွေက firefox ထက်သာတာတွေရှိနေပြန်ပါတယ်။firefox ဟာလည်း ကောင်းမွန်တဲ့ addon တွေ အများအပြား ထောက်ပံ့ပေးထားပါတယ်။
privacy အနေနဲ့ကတော့ firefox က ပိုပြီး လုံခြုံပါတယ်။ firefox ဟာ opensource browser ဖြစ်တဲ့အတွက် ဘာအကျိုးအမြတ်မှ ပြန်မယူထားပါဘူး။ google chrome ကတော့ free ပေးတာဖြစ်ပေမယ့် သူ့မှာက google အတွက် user တွေရဲ့ browsing data တွေကို ရယူအသုံးပြုပါတယ်။ဒါမှလည်း google advertising ဟာ ပိုမိုတိကျစွာ ကြေငြာပေးနိုင်မှာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ သင့်ရဲ့ အချက်အလက် သင်ဘာကြည့်နေလဲဆိုတာတွေကို လုံးဝ မသိစေချင်ရင်တော့ firefox ကိုရွေးချယ်သင့်ပါတယ်။
firefox မှာ inspect mode အသုံးပြုလို့ရပါတယ်။chrome မှာလည်း ရပါတယ်။ဒါပေမယ့် chrome မှာတော့ user agent ပြောင်းပေးနိုင်တဲ့ အသုံးပြုနေတဲ့ device ကို ပြောင်းလဲပေးနိုင်တာ အပိုပါဝင်ပါတယ်။
pc ကနေသုံးနေပေမယ့် mobile ကနေသုံးနေသလို ဖြစ်အောင် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ဒါကတော့ web development လုပ်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
Html5 ကို ထောက်ပံမှုအနေနဲ့ကတော့ chrome က firefox ထက် သာနေပြန်ပါတယ်။
နောက်တစ်ခု က browser တွေဟာ web content တွေကို render လုပ်ဖို့ rendering engine တွေကို အသုံးပြုကြပါတယ်။ chrome က webkit base engine ကိုအသုံးပြုပါတယ်။ webkit က apple ၇ဲ့ opensoure project ဖြစ်ပါတယ်။ firefox ကတော့ သူ့ရဲ့ ကိုယ်ပိုင် engine ဖြစ်တဲ့ gecko ကို အသုံးပြုထားပါတယ်။
setting တွေကို ပြင်ဆင်တဲ့နေရာမှာတော့ google chrome ကို ပိုသဘောကျပါတယ်။ သူက setting ကို ရှာဖွေပေးနိုင်တဲ့ search box ပါဝင်နေပါတယ်။ firefox မှာတော့ တစ်ခါတစ်လေ ခက်ခဲတာတွေရှိနေတတ်ပါတယ်။ ဥပမာ။ ။ javascript ကို disable လုပ်မယ်ဆိုရင်ခက်ခဲနေပြန်ပါတယ်။
နိဂုန်းချုပ်အနနဲ့ကတော့ နှစ်မျိုးလုံး တစ်ခုထက်တစ်ခု အားသာချက်တွေရှိနေကြပါတယ်။သာမန် user တွေအနေနဲ့ကတော့ မိမိနှစ်သက်ရာအသုံးပြုနိုင်ပေမယ့် web designer တွေနဲ့ web developer တွေအတွက်ကတော့ နာမည်ကြီး browser တွေအကုန် လုံးရှိလေကောင်းလေပါပဲ။
Next
« Prev Post
« Prev Post
Previous
Next Post »
Next Post »
Subscribe to:
Post Comments (Atom)



EmoticonEmoticon