Angular Data binding

Angular js ဟာ two way data binding အမျိုးအစားဖြစ်ပါတယ်။ binding ပြုလုပ်ရာမှာ အပိုင်းသုံးပိုင်း ရှိပါတယ်။Model , View နဲ့ Template တို့ဖြစ်ပါတယ်။
Model ဆိုတာကတော့  application ရဲ့ data တွေကို သိမ်းဆည်း ထိန်းချုပ်ရတဲ့အပိုင်းဖြစ်ပါတယ်။
View ဆိုတာကတော့ user ကိုယ်တိုင်မြင်နေရမယ့် application web page ကိုဆိုလိုပါတယ်။
Template ဆိုတာကတော့ angular code တွေပေါင်းထားတဲ့ Html code တွေပဲဖြစ်ပါတယ်။ angular အနေနဲ့ compile မလုပ်ရသေးပါဘူး။
Augular compile process
Angular ဟာ Template ထဲက Html tag တွေ ကိုအရင်ရှာပါတယ်။အဲဒီမှာ ng-app directive ကိုတွေ့တာနဲ့ $rootScope တစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြီးရင် အဲဒီ tag ရဲ့ အထဲမှာရှိတဲ့ child DOM element တွေကို စတင် compile လုပ်ပါတော့တယ်။
အဲဒီအချိန်မှာ compile နဲ့ linking ခေါ်တဲ့ process နှစ်ခုကိုလုပ်ပေးပါတယ်။compile process ဟာ child tag တွေရဲ့ directive တွေကို လိုက်ရှာပြီး list လုပ်ပေးပါတယ်။ ပြီးရင် ဦးစားပေးအလိုက်စီပေးပါတယ်။directive တစ်ခုစီမှာ ကိုယ်ပိုင် compile function ကရှိနှင့်ပြီးသားဖြစ်ပါတယ်။ အဲဒီ compile function အလုပ်လုပ်တဲ့အခါမှာတော့ သက်ဆိုင်ရာ DOM element ကို ပြင်ဆင် ပြုလုပ်လို့ရသွားပါတယ်။
အဲဒီ compile function တွေrun ပြီးသွားတဲ့အခါမှတော့ linking function တွေကို return အနေနဲ့ ထုတ်ပေးပါတယ်။အဲဒီ linking function တွေကို angular က run ပြီးသွားတဲ့အခါမှာတော့ data bind လုပ်ပြီးသား ၊ event listener တွေ bind ပြီးသား DOM element တွေကို ထုတ်ပေးလိုက်ပါတယ်။

ဒါကတော့ angular ဟာ two way data binding ဖြစ်ပြီး ဘယ်လို bind တယ်ဆိုတာကို ရှင်းပြပေးတာဖြစ်ပါတယ်။
အခု two way data binding ကိုယ်ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို demo နဲ့တကွရှင်းပြပေးပါမယ်။
Source Code
<script src="http://ajax.googleapis.com/ajax/libs/angularjs/1.4.8/angular.min.js"></script>
<div ng-app="myApp" ng-controller="myCtrl">
    First Name <input ng-model="firstname"><br/>
    Last Name  <input ng-model="lastname"><br/>
    Full Name  {{ firstname }} {{ lastname }}
</div>
<script>
      var app = angular.module('myApp', []);
      app.controller('myCtrl', function($scope) {
           $scope.firstname = "Kyaw";
           $scope.lastname = "Gyi";
      });
</script>



Demo Example
First Name:
Last Name:
Full Name :{{ firstname }} {{ lastname }}


အထက်က demo example နဲ့ source code ကို ပြန်ရှင်းပြပေးပါ့မယ်။ ng-app directive ကိုတွေ့ခြင်းအားဖြင့် ယခု application ဟာ ထို div tag အပိုင်အဖြစ် angular ကို သိမြင်စေပါတယ်။ထို့ပြင် angular application တစ်ခုတည်ရှိကြောင်းကို သိစေပြီး compile process ကို စတင်စေပါတယ်။
script tag ထဲတွင်လည်း "myApp" application module တစ်ခုကိုတည်ဆောက်ထားတာတွေ့ရပါမယ်။
နောက် app variable ထဲကို application ကို assign လုပ်ထားတာတွေ့ရပါမယ်။
var app = angular.module('myApp', []);

ng-controller directive ဟာ အဲဒီ application ကို control လုပ်ပေးမယ့် controller ကို သတ်မှတ်ပေးတာပါ။ controller object အသစ် တစ်ခုကို ဖန်တီးပေးပါတယ်။ child scope တစ်ခုကိုလည်းဖန်တီးပေးပါတယ်။ ဒီ application ၇ဲ့ scope လို့ဆိုလိုတာပါ။ ဒါကြောင့် ဒီapplication ထဲမှာ တည်ဆောက်တဲ့ variable တွေအတွက် $scope ကိုထည့်သွင်းပေးထားရတာဖြစ်ပါတယ်။
eg: $scope.firstname, $scope.lastname
အဲဒီလို defined လုပ်ပေးမှ Html ဘက်က application scope မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
   $scope.firstname = "Kyaw";
    $scope.lastname = "Gyi";   
firstname နဲ့ lastname ကို assign လုပ်ပေးတာဖြစ်ပါတယ်။ အဲလို assign လုပ်ပေးလိုက်တာနဲ့
ng-model directive သုံးထားတဲ့ input tag တွေရဲ့ တန်ဖိုးဟာ အလိုလိုပြောင်းသွားပါတယ်။ view နဲ့ model bind ထားတာကြောင့်ဖြစ်ပါတယ်။
နောက်တခုကြည့်ရအောင်
full name မှာသုံးထားတာက expression ပါ။ expression ကို $scope varaible တွေရဲ့ တန်ဖိုးကိုထုတ်ပြ လိုတဲ့အခါမှာသုံးနိုင်ပါတယ်။
Full Name :{{ firstname }} {{ lastname }}
ဒါကြောင့် application စ run တဲ့အခါမှာ အပေါ်က assign လုပ်ထားတဲ့ တန်ဖိုးအတိုင်း firstname နဲ့ lastname ကို ဖော်ပြနေကြတာဖြစ်ပါတယ်။ အစမှာ Full name : Kyaw Gyi ဆိုပြီးမြင်နေရမှာပါ။

အခု input tag ထဲက တန်ဖိုးကို ပြောင်းကြည့်ရအောင် ဒါဆို သူ့အောက်မှာ ရေးထားတဲ့ full name ကလိုက်ပြောင်းတာကိုတွေ့ရပါမယ်။

ဘာလို့လဲဆိုတော့ input tag ရဲ့ တန်ဖိုး ပြောင်းသွားတာနဲ့ သူနဲ့ bind လုပ်ထားတဲ့ $scope variable ဟာ လိုက်ပြောင်းပါတယ်။ဒါကြောင့် အဲဒီ $scope variable ကို expression အနေနဲ့ ဖော်ပြထားတဲ့ full name နေရာမှာ လိုက်ပြောင်းနေကြတာဖြစ်ပါတယ်။

ဒါကြောင့် angular ကို two way binding လို့ခေါ်တာဖြစ်ပါတယ်။ $scope variable ၇ဲ တန်ဖိုးပြောင်းလဲမှုဟာ bind ထားတဲ့ input tag element ရဲ့ တန်ဖိုးကိုပြောင်းလဲစေပြီးတော့ ၊ အဲဒီ input tag ၇ဲ့ တန်ဖိုးကိုပြောင်းလိုက်ရင် လည်း bind ထားတဲ့ scope variable ရဲ့ တန်ဖိုးလည်းပြောင်းသွားပါတယ်။

angular js အကြောင်းကို အတတ်နိုင်ဆုံး ဖတ်ရှုနားလည်အောင်လုပ်ပြီး ပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သေချာပေါက် လိုအပ်ချက်တွေရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီ post ကနေ နားလည်သင့်သလောက် နားလည်ပြီးရင် online မှာလည်း ဆက်လက်ဖတ်ရှုကြရန် အကြံပြုလိုပါတယ်။

သိပ်နားမလည်ဘူးထင်ရင် နှစ်ခါပြန်ဖတ်ပါ။

reference
http://www.w3schools.com/angular
https://docs.angularjs.org/guide
http://daginge.com/technology/2014/03/04/understanding-template-compiling-in-angularjs/

Previous
Next Post »

Thorium School

Thorium School
Be professional with us