Mysql Full Text Search for faster word search

         
အ၇င်က Full Text Search အကြောင်းကို မသိခဲ့ပါဘူး။word တွေကို ရှာချင်ရင် like နဲ့ပဲ အမြဲ ရှာဖြစ်ခဲ့တယ်။ တကယ်တန်းလည်း  full text search ကို နာမည်ကြီး CMS တွေ framework တွေ မှာလည်း ဖော်ပြထားခြင်းမရှိတော့ သာမန်အားဖြင့် like ကိုပဲ အသုံးများခဲ့တယ်။
          ကျွန်တော့် မိတ်ဆွေတစ်ယောက် ကပြောပြလို့ လိုက်ဖတ်ကြည့်မိခဲ့တယ်။ Full Text feature ဟာ တကယ်တော့ search လုပ်ဖို့ ပိုမြန်အောင်လုပ်ပေးထားတာပါ။ like နဲ့ ရှာတာထက်ပိုမြန်ပါတယ်။ ဒါပေမယ့် သာမန်အားဖြင့် text data row အနည်းငယ်ထဲမှာရှာမယ်ဆိုရင်တော့ ကွာခြားချက်သိသိသာ သာ မရှိနိုင်ဘူး။ text data row တွေ million နဲ့ချီပြီး ရှိတဲ့ table ထဲမှာရှာရပြီဆိုရင်တော့ သိသာလာပါတယ်။
Full Text feature သုံးပြီး ရှာရင် second ပိုင်းလောက်နဲ့ ပြီးနိုင်တဲ့ အလုပ်တစ်ခုကို LIKE နဲ့ ရှာမယ်ဆိုရင် မိနစ်ပိုင်းအထိကြာသွားနိုင်ပါတယ်။
            Full Text Search ဆိုတာကတော့ data ကို insert နဲ့ update အခြေအနေတွေမှာ word တွေကို indexing လုပ်ပြီး search query လုပ်တဲ့အခါမှာတော့ အဲဒီ index data ကနေတဆင့် ပြန်ရှာပေး လိုက်တဲ့အတွက် ပိုမြန်သွားပါတယ်။
           ပိုသာတဲ့အချက်ကတော့ ပိုမြန်လာတယ်ပေါ့။ data တွေအများကြီးကို မြန်မြန်ပိုရှာလာနိုင်တယ်။ ရှုပ်ထွေးစွာရေးရမယ့် LIKE သုံးထားတဲ့ query ကို လွယ်ကူရှင်းလင်းစွာ ရေးနိုင်တယ်။ပြီတော့ data result ကို order စီတဲ့နေရာမှာလည်း ရှာခိုင်းတဲ့ word အများဆုံးပါတဲ့ row က အပေါ်ဆုံးဖြစ်အောင် စီပေးထားပါတယ်။ဒါကြောင့် word search လုပ်ရာမှာ အစဉ်အလိုက်ဖြစ်မနေတဲ့ word တွေကိုလည်းရှာနိုင်လာတယ်။
ဥပမာ။ရှာတဲ့ word က "Thorium Training School"
ရှာလို့ထွက်လာနိုင်တဲ့ result တွေက
1. The best Training School in myanmar , Thorium.
2. Training Courses of Thorium School.
3. Thorium School teach computer programming courses.

တကယ်လို့ LIKE "%Thorium Training School%" သုံးပြီး ရှာရင်တော့ စကားလုံး အတိအကျနဲ့ word order ပါမှန်မှထွက်လာမှာဖြစ်ပါတယ်။ဒါပေမယ့် LIKE ကို သုံးပြီး အထက်က result ထွက်အောင်ရေးလို့ရပေမယ့် ပိုမိုရှုပ်ထွေးသွားပါတယ်။
           အားနည်းချက်ကိုပြောရမယ်ဆိုရင် Full Text Search က insert , update နဲ့ delete လုပ်တဲ့အချိန်တွေမှာ ပိုကြာသွားပြန်တယ်။ဘာလို့လဲဆိုတော့ word indexing ကို ပြန်ပြင်နေရလို့ဖြစ်ပါတယ်။ပိုဆိုးတာက Full Text Search နဲ့ insert (သို့) update လုပ်နေတဲ့အချိန်မှာ Full Table Lock လုပ်ထားပါတယ်။ ဆိုလိုတာက အဲဒီအချိန်မှာ တခြား ဘာquery မှ အဲဒီ table အတွက်အလုပ်မလုပ်နိုင်ပါဘူး။ဒါဟာ performance ကို အလွန်ထိခိုက်စေပါတယ်။နောက်တစ်ခုက Full Text Search သုံးလိုက်လို့ ပြုလုပ်ရတဲ့ word indexing ကြောင့် index data size ဟာ data များလာတာနဲ့အမျှ size ဟာ ကြီးမားလာပါတယ်။
            ဒါကြောင့် traditional LIKE ထက် လည်း ပို မြန်အောင်  Full Text Search ရဲ့ အားနည်းချက်ကိုလည်း ကျော်လွှားနိုင်အောင် elastic search technology ကို သုံးနိုင်တယ်လို့ မှတ်သားရပါတယ်။ elastic search အကြောင်းကတော့ သေချာမသိသေးလို့ ထည့်မရေးတော့ပါဘူး။ ဖတ်ချင်ရင်တော့
https://www.elastic.co/ မှာဖတ်ကြည့်နိုင်ပါတယ်။

Mysql မှာ Full Text Search feature သုံးချင်တဲ့ column အတွက် Full Text feature ကို enable  အရင်လုပ်ပေးထားရပါမယ်။

CREATE TABLE articles (
      id INT UNSIGNED AUTO_INCREMENT NOT NULL PRIMARY KEY,
      title VARCHAR(200),
      body TEXT,
      FULLTEXT (body)
    ) ENGINE=InnoDB;

အထက်က table create လုပ်တဲ့ sql statement မှာဆိုရင်id column ရယ် title column နဲ့ body column ဆိုပြီး သုံးခုပါပါတယ်။ အဲဒီအထဲမှာမှ body column ကို full text feature enable လုပ်ထားပါတယ်။
ALTER TABLE  articles ADD FULLTEXT(body);
ဆောက်ထားပြီးသား table ရဲ့ column တစ်ခုကို full text feature enable လုပ်တာဖြစ်ပါတယ်။

full text search မှာ Mode သုံးမျိုးရှိပါတယ်။
1.natural language search
default mode ဖြစ်ပါတယ်။ သာမန်လူသားတစ်ယောက်လို ရှာဖွေပေးနိုင်တဲ့ mode လို့ဆိုရမှာဖြစ်ပါတယ်။

2.boolean search
boolean mode မှာတော့ text ကို ရှာတဲ့နေရာမှာ သာမန်ပါရုံကိုရှာချင်တာမျိုးမဟုတ်တော့ပဲ ။ word တစ်ခုပါတဲ့ row ကိုရှာခြင်း။ word တစ်ခု မပါတဲ့ row ကိုရှာခြင်း ။ phrase တစ်ခုလုံးပါမပါ ရှာဖွေခြင်းတွေပါလုပ်လို့ရပါတယ်။

3.query expansion search
query expension search ကတော့ natural language search နဲ့ ဆင်တူပါတယ်။ သူက search ကို နှစ်ဆင့် ပြုလုပ်ပါတယ်။ ပထမအကြိမ်မှာတောပ natural language search အတိုင်းပြုလုပ်ပြီးတော့ အဲဒီကထွက်လာတဲ့ result text phrase အတိုင်း ဒုတိယအကြိမ် ထပ်ပြီး search လုပ်ပေးပြန်ပါတယ်။

One Example of Full Text Search
SELECT COUNT(*) FROM articles
WHERE MATCH (title,body)
AGAINST ('database' IN NATURAL LANGUAGE MODE);

database စကားလုံးကို title နဲ့ body ထဲမှာလိုက်ရှာခိုင်းတာဖြစ်ပါတယ်။

ဒီလောက်ဆို Full Text Search အကြောင်း အနည်းငယ်သဘောပေါက်မယ်ထင်ပါတယ်။ သုံးသင့်တယ် မသုံးသင့်ဘူး ဆိုတာတော့ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ပါ။


Previous
Next Post »

Thorium School

Thorium School
Be professional with us