PHP error types


PHP ကိုလေ့လာတဲ့ သူတစ်ယောက်အဖို့ Error မတက်ဖူးတဲ့ သူမရှိဘူးလို့ အာမခံပါတယ်။ လူတိုင်းကြုံရမှာပါ။ ဒါပေမယ့် အများစုဟာ ဘာerror တက်တယ်ဆိုတာကို အသေးစိတ်ဖတ်လေ့မရှိပါဘူး။ သူတို့ရဲ့ code အလုပ်လုပ်ဖို့က ပထမဦးစားပေးလေ။ ဒီ error ကို သိဖို့ထက် ဒီ error ပျောက်ဖို့က အဓိက မဟုတ်လား။ဒါပေမယ့် error တွေအကြောင်းကို သိချင်လာတဲ့တစ်နေ့ ဒီ post လေးကို ဆုံးအောင် ဖတ်ဖြစ်ကြမယ်ထင်ပါတယ်။

ဘယ် Programming မဆို error ဆိုတာဖြစ်လာနိုင်တာမို့ ဖော်ပြနိုင်ဖို့ နည်းလမ်းတွေရှိပြီးသားဖြစ်ပါတယ်။
PHP မှာ အခြေခံအားဖြင့် error ကို သုံးမျိုးခွဲခြားနိုင်တယ်။

1.Notices
ဒီ error ကတော့ အရေးမကြီးတဲ့ error မျိုးပါ။ တန်ဖိုး assign မလုပ်ရသေးတဲ့ variable တစ်ခုကို ယူသုံးမိရင် ဒီလို error မျိုးတွေ့ရမှာပါ။ဒါပမယ့် မရှင်းပဲတော့ မထားပါနဲ့။ error ဆိုတာရှိကောင်းတဲ့ အရာမဟုတ်ပါဘူး။
eg:
PHP Notice:  Use of undefined constant val - assumed 'val' in C:\xampp\htdocs\myproject\wp-content\themes\mk\post_type_creator.php on line 168
PHP Notice:  Trying to get property of non-object in C:\xampp\htdocs\mypj\wp-includes\nav-menu-template.php on line 180

2. Warnings
warning တွေကတော့ notice ထက်တော့ ပိုအရေးကြီးပါတယ်။ ဒီerror ကြောင့် process ကို ထိခိုက်မှု ရှိနိုင်ပါတယ်။ဒါပေမယ့် code execution ကတော့ မရပ်ပါဘူး။
eg:
PHP Warning:  asort() expects parameter 1 to be array, null given in C:\xampp\htdocs\mawkun\wp-content\plugins\payment_gateway.php on line 76
PHP Warning:  include(C:\xampp\htdocs\mawkun/wp-content/themes/index.php): failed to open stream: Invalid argument in C:\xampp\htdocs\prj\wp-includes\template-loader.php on line 89

3. Fatal Errors
Fatal error ဖြစ်ပြီဆိုရင် code execution ရပ်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ ဒီerror ကနေဘယ်လိုမှကျော်သွားလို့မရနိုင်ဘူး။
eg:
PHP Fatal error:  Maximum execution time of 30 seconds exceeded in C:\xampp\htdocs\prj\wp-includes\class-wp-http-curl.php on line 309
PHP Fatal error:  Cannot redeclare gateway_action_links() (previously declared in C:\xampp\htdocs\Payment.php:33) in C:\xampp\htdocs\VisaMaster_Payment.php on line 40
PHP Fatal error:  Call to undefined function isCreditCard_ServerReturn() in C:\xampp\htdocs\checkout-thankyou.php on line 26

ဒါလောက်နဲ့ မပြီးသေးပါဘူး။php မှာ error ကို ဒီထက်အသေးစိတ်သတ်မှတ်ချက်တွေရှိပါသေးတယ်။
အောက်က capital letter နဲ့ ရေးထားတာတွေကတော့ php error no: တွေကို constant တွေအနေနဲ့ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

E_ERROR: (value:1)A fatal error that causes script termination

E_WARNING: (value:2)Run-time warning that does not cause script termination

E_PARSE: (value:4)Compile time parse error.
complile လုပ်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ error အမျိုးအစားပါ။ parser ကနေထုတ်ပေးတာပါ။

E_NOTICE: (value:8)Run time notice caused due to error in code

E_CORE_ERROR: (value:16)Fatal errors that occur during PHP's initial startup (installation)
PHP စ run တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ fatal error မျိုးပါ။ core php ကထုတ်ပေးတာပါ။

E_CORE_WARNING: (value:32)Warnings that occur during PHP's initial startup

E_COMPILE_ERROR: (value:64) Fatal compile-time errors indication problem with script.
compile လုပ်တဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ error ဖြစ်ပါတယ်။ zend scripting engine ကထုတ်ပေးတာပါ။
Zend ကုမ္ပဏီဟာ php အတွက် အများကြီးပါဝင်ကူညီရေးသားပေးခဲ့ပါတယ်။ Zend engine ကိုလည်း php အတွက် ထုတ်လုပ်ပေးခဲ့တာပါ။

E_COMPILE_WARNING: (value: 128)

E_USER_ERROR: (value:256) User-generated error message.
ဒါကတော့ developer တွေက ကိုယ်တိုင် မိမိ code အတွက် ERROR တွေ ထုတ်လုပ်ချင်တဲ့အခါ ဒီအမျိုးအစားကိုသုံးခွင့်ရှိပါတယ်။ trigger_error() function ကို အသုံးပြုပေးရမှာဖြစ်ပါတယ်။

E_USER_WARNING: (value:512) User-generated warning message.
ကိုယ်တိုင် မိမိ code အတွက် warnings တွေ ထုတ်လုပ်ချင်တဲ့အခါ ဒီအမျိုးအစားကိုသုံးခွင့်ရှိပါတယ်။ trigger_error() function ကို အသုံးပြုပေးရမှာဖြစ်ပါတယ်။

E_USER_NOTICE: (value:1024) User-generated notice message.
ကိုယ်တိုင် မိမိ code အတွက် notices တွေ ထုတ်လုပ်ချင်တဲ့အခါ ဒီအမျိုးအစားကိုသုံးခွင့်ရှိပါတယ်။ trigger_error() function ကို အသုံးပြုပေးရမှာဖြစ်ပါတယ်။

E_STRICT: (value:20148) Enable to have PHP suggest changes to your code which will ensure the best interoperability and forward compatibility of your code.
E_STRICT error တွေကတော့ ပုံမှန်ဆိုမြင်ရမှာမဟုတ်ပါဘူး။ဒါပေမယ့် php.ini မှာ error_reporting  setting မှာ ပြင်လိုက်မှ ဒီလို error မျိုးကပြမှာပါ။
eg: Strict Standards: Non-static method Strict::test() should not be called statically in C:\xampp\htdocs\testing.php on line 88

E_RECOVERABLE_ERROR: (value: 4096) Catchable fatal error indicating a dangerous error

E_DEPRECATED: (value:8192) Run-time notices. Enable this to receive warnings about code that will not work in future versions.
မိမိ function ကို ဆက်မသုံးစေချင်ပဲ အခြား ပိုအဆင်ပြေမယ့် function ကို သုံးစေချင်တဲ့အခါမှာ အခု လို error ကိုထုတ်ပေးနိုင်တယ်။

E_USER_DEPRECATED: (value: 16384)
developer ကိုယ်တိုင် အ၇င် version က function ကို ယူသုံးတဲ့အခါ undefined function လို error မျိုးမပြချင်ပဲ ဒီ function က deprecated ဖြစ်သွားပါပြီ။ တခြား function ကို သုံးပါ စသဖြင့် ပြပေးနိုင်ပါတယ်။

E_ALL: (value: 32767)Catches all errors and warnings
error အားလုံး warning အားလုံး ပါဝင်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ error constant တွေကို မိမိ application မှာ ဘယ်လို error မျိုကို ပဲပြချင်တယ်။ အဲလို ဖြစ်လာခဲ့ရင် error_reporting(E_ALL) function ကို သုံးပြီး သတ်မှတ်ပေးလို့ပါတယ်။

တကယ်လို့ ကိုယ့် application ကို online တင်ပြီး user တွေကို ပေးသုံးနေပြီဆိုရင်တော့ error တွေဟာ မဖော်ပြသင့်တော့ပါဘူး။ ဒါကြောင့် error အားလုံးကို ပိတ်ပစ်၇ပါတယ်။
error_reporting(0) လို့ ထိပ်ဆုံးကနေရေးပေးထားရင် ရပါပြီ။
ဒါမှမဟုတ် php.ini မှာလည်း error_reporting ကို သွားပြင်လိုက်လို့ရပါတယ်။
တစ်ခုမှတ်ထားရမှာက အဲလို error အားလုံးကို ပိတ်ထားလိုက်ရင် web page မှာ error မပေါ်သလို php error log file မှာလည်း ဘာမှသွားရေးမှာမဟုတ်ပါဘူး။

တကယ်လို error ကို မပေါ်စေချင်ပေးမယ့် နောက်ပြန်ကြည့်လို့ရအောင် error log ထဲမှာမှတ်ထားစေချင်တယ်ဆိုရင်တော့
ini_set('display_errors', 0); ကို သုံးလို့ရပါတယ်။
ဒါမှမဟုတ် php.ini file မှာ display_errors setting ကို off ပေးထားလိုက်ပါ။


Previous
Next Post »

Thorium School

Thorium School
Be professional with us