Difference between UI and UX designer.
လတ်တလော ဖတ်မိသော post တစ်ခုမှ UI နဲ့ UX အကြောင်း စိတ်ဝင်စား၍ ဆက်ဖတ်မိသောအခါ blog ရေးချင်စိတ်ပေါက်သဖြင့် သိချင်သူများအတွက် မျှဝေလိုက်ပါသည်။ သိလွန်း၍ မဟုတ်ပါ ဖတ်ပြီးမျှဝေတာပါ။
ပထမဆုံးအနေနဲ့ ရှင်းပြရရင်တော့ UI ဆိုတာ user interface ပါ ။ UX ဆိုတာ user experience ကိုဆိုလိုတာဖြစ်ပါတယ်။
အချို့က ရောထွေးတတ်ပေမယ့် သီးသန့် ရပ်တည်မှုဖြစ်ပါတယ်။ UI ဆိုတာက user တစ်ယောက် မြင်ရမယ့် interface ကို design ပြုလုပ်တာပါ။ လှပဖို့၊ သပ်ရပ်ဖို့၊ သစ်လွင်ဖို့ ဆိုတာတွေကို ဦးစားပေးပါတယ်။
သူတို့ကတော့ user သုံးလို့လွယ်ဖို့ဆိုတာထက် လှပဖို့ကို ပိုဦးစားပေး တတ်ကြပါတယ်။
UX designer တွေကတော့ user သုံးရလွယ်ကူအောင် နားလည်လွယ်အောင် လုပ်ဆောင်ရသက်သာအောင် ဆိုတာတွေကို ဦးစားပေးစဉ်းစားပြီး ပြင်ဆင်ပေးတာပါ။
ဒါကြောင့် UI နဲ့ UX မှာဆိုရင် UX designer ကအလုပ်အရင်စလုပ်ပါတယ် သူကထုတ်ပေး တဲ့ design ပေါ်မှာမှ UI designer က အလှအပချယ်မှုန်း တော့တာပါ။
google.com ကိုကြည့်ပါ ဘယ်လောက်လှပါသလဲ။
ပြောရရင် သူ့ အပြင်အဆင်က အခုအချိန်အထိ အပြောင်းအလဲ ကြီးကြီးမားမားမလုပ်ပါဘူး။ လှတယ် ဆန်းတယ်လို့ခေါ်လို့မရဘူး။
ဒါပေမယ့် သူ့ကို သိပ်သုံးချင်ကြတယ်။ဘာလို့လဲဆိုတော့ user တစ်ယောက်ဟာ သူရှာချင်တာကို စက္ကန့်ပိုင်းအတွင်းမှာ ရှာပေးနိုင်တယ်ဆိုတဲ့ အတွေ့အကြုံကို ကြိုက်သွားပြီလေ။
သူ့ရဲ့ user experience က အရမ်းကောင်းနေတော့ ကျန်တာကို ခွင့်လွတ်နိုင်တယ်။ ဒါပေမယ့် မယ့် သူ့ UI design ကလည်း မလှတာမဟုတ်ဘူး ။သပ်ရပ်နေတာပါ။
အလုပ်ခေါ်သည့်အခါတွင်လည်း UI designer နှင့် UX designer ဆိုပြီးခေါ်ကြပါတယ်။ UI designer တွေကတော့ front-end ပိုင်းတွေဖြစ်တဲ့ Html, Css, Javascript တို့ကို သိရှိနားလည်နေရမှာဖြစ်ပါတယ်။
UX designer ကတော့ wireframe ဆွဲခြင်း ၊ user testing၊ personas ၊ scenarios and story board စတဲ့ အပိုင်းတွေကို လုပ်ကြရတာဖြစ်ပါတယ်။

EmoticonEmoticon